အစ္စရေး၏ တိုက်ခိုက်မှုက အရှေ့အလယ်ပိုင်းကို တည်ငြိမ်မှုပျက်ပြားစေ


(နိုင်ငံတကာ)စက်တင်ဘာ ၂၆

အစ္စရေးနိုင်ငံက လက်ဘနွန်နိုင်ငံကို တိုက်ခိုက်မှုများ လုပ်နေခြင်းသည် အရှေ့အလယ်ပိုင်းကို တည်ငြိမ်မှု ပျက်ပြားစေကြောင်းနှင့် ပဋိပက္ခကို ပိုမိုကျယ်ပြန့်လာစေကြောင်း ရုရှားသမ္မတရုံးက စက်တင်ဘာလ ၂၄ ရက်တွင် သတိပေးခဲ့သည်။

အစ္စရေးနှင့် လက်ဘနွန်နိုင်ငံရှိ ဟစ်ဇဘိုလာတပ်ဖွဲတိုကြားတွင် အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်နေသည်မှာ နှစ်ရက်ဆက်တိုက်ရှိလာပြီဖြစ်သည်။

အစ္စရေး၏ အဆိုပါတိုက်ခိုက်မှုများက လက်ဘနွန်ပြည်သူ များအပေါ် ပစ်မှတ်ထားနေသည့်အတွက် မဆင်မခြင်ပြုမူမှုဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာ ကပြောသည်။

ထို့ကြောင့် အဆိုပါပဋိပက္ခက ထိန်းမနိုင်သိမ်းမရမဖြစ်မီ တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရမည် ဖြစ်ကြောင်း ၎င်းကပြောထားသည်။

Telegram»…
https://t.me/positiveanglenews

PAN