မြောက်ကိုရီးယားက BRICS အဖွဲ့ဝင်ရန် စိတ်ဝင် စားနေဖွယ်ရှိ

(နိုင်ငံတကာ)စက်တင်ဘာ ၂၆

     မြောက်ကိုရီးယားနိုင်ငံက ရုရှားနှင့်တရုတ်နိုင်ငံတို့ ဦးဆောင်သည့် BRICS အဖွဲ့သို့ ဝင်ရောက် ရေးကို စိတ်ဝင်စားနေဖွယ်ရှိကြောင်း လေ့လာသူများကပြောသည်။ မြောက်ကိုရီးယားနိုင်ငံခြား ရေးဝန်ကြီးသည် BRICS နှင့် ဆက်စပ်အခမ်း အနားသို့တက်ရန် ကုလသမဂ္ဂအထွေထွေညီလာခံကိုပင် တက်ရောက် လာခြင်းမရှိကြောင်း သိရသည်။

       မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး အနေဖြင့် ကုလသမဂ္ဂညီလာခံကို မတက်ရောက်ဘဲ ရုရှားသို့သွား၍ BRICS အမျိုးသမီးဖိုရမ်သို့ တက်ရောက်ခြင်းမှာ ယင်းနိုင်ငံအနေဖြင့် ထိုအဖွဲ့သို့ ဝင်ရောက်နိုင်ရန် ကြိုးပမ်းမှုတစ်ခုဖြစ် ကြောင်း တောင်ကိုရီးယားပေါင်းစည်းရေးဝန်ကြီး ဌာနက စက်တင်ဘာလ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။

      ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိကနိုင်ငံတို့နှင့် ဖွဲ့စည်းထားသည့် BRICS အဖွဲ့သည် ၂၀၂၃ ခုနှစ်တွင် အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်၊ ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့ဖြင့် အဖွဲ့ဝင်နိုင်ငံအရေအတွက်ကို တိုးမြှင့်လာကာ နောက် ထပ်အဖွဲ့ဝင်နိုင်ငံများ ကိုလည်း လက်ခံသွားမည့် အစီ အစဉ်ရှိနေကြောင်း သိရသည်။

#PAN