လမ်းဘေးထိုင်စကားပြောနေသည့် အုပ်ချုပ်ရေးမှူးနှင့် အရပ်သား နှစ်ဦးအား အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်


(ပြည်တွင်း) စက်တင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ အေးချမ်းဖြိုး(၁၉)လမ်းတွင် ယနေ့မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်ခန့်က အိမ်ငှားနေထိုင်သူ တလုပ်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူး(ပြည်ခိုင်ဖြိုးပါတီပါတီဝင်)ဖြစ်သူအား အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ သေဆုံးသူ၏ အိမ်အနီးလမ်း‌ဘေးတွင် ဦးမြင့်ဆွေ၊ အသက် ၄၂ နှစ်၊ ဦးဇော်မျိုးဦး၊ အသက် ၂၅ နှစ် ၊ ဦးမိုးနိုင်၊ အသက် ၄၀ နှစ်တို့စကားပြောနေစဉ် အကြမ်းဖက် PDF အဖွဲ့ ၃ ဦးမှ ဆိုင်ကယ်တစ်စီးနှင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွာကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ဦးမြင့်ဆွေနှင့် ဦးဇော်မျိုးဦးတို့မှာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့ပြီး ဦးမိုးနိုင်မှာ သေနတ်ဒဏ်ရာ စိုးရိမ်ရသဖြင့် အောင်လံပြည်သူ့ဆေးရုံကြီးသို့‌ ပို့ဆောင်ကုသလျှက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN