တရုတ်နှင့် ရုရှားရေတပ်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်


(နိုင်ငံတကာ) စက်တင်ဘာ ၂၄

တရုတ်ရေတပ်နှင့် ရုရှား၏ ပစိဖိတ်ရေယာဉ်စုတို့ ပစိဖိတ်အနောက်ပိုင်း Okhotsk ပင်လယ်အတွင်း ပူတွဲရေတပ်လေ့ကျင့်မှုပြုလုပ်ခဲ့ကြောင်း ရုရှားသတင်းရင်းမြစ်များအရ သိရသည်။

“ပင်လယ်ဖြတ်သန်းနေစဉ်အတွင်း တပ်ခွဲများ ပူးပေါင်းလေ့ကျင့်မှု ရန်သူ၏ မောင်းသူမဲ့လှေများအား တန်ပြန်တိုက်ခိုက်မှု၊ မြေပြင်အခြေအနေစောင့်ကြည့်ခြင်းများ လေ့ကျင့်လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

အဆိုပါလေ့ကျင့်မှုတွင် ရုရှား၏ ဖျက်သင်္ဘောကြီးများဖြစ်သည့် Admiral Panteleyev နှင့် Admiral Tributs နှင့် corvettes MPK-82 နှင့် MPK-107 တို့ပါဝင်ခဲ့ပြီး တရုတ်၏ Xining နှင့် Wuxi၊ ဖရီးဂိတ် Linyi နှင့် ပေါင်းစပ်ထောက်ပံ့ရေးသင်္ဘော Taihu တို့ပါဝင်ခဲ့ကြောင်းသိရသည်။

ရုရှားနှင့်တရုတ်တို့ စစ်ရေးလေ့ကျင့်သည့် ပစိဖိတ်သမုဒ္ဒရာအနောက်ဘက်ရှိ Okhotsk ပင်လယ်သည် အရှေ့ဘက်တွင် ရုရှားနိုင်ငံ Kamchatka ကျွန်းဆွယ်၊ အရှေ့တောင်ဘက်ရှိ Kuril ကျွန်းများနှင့် တောင်ဘက်တွင် ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးကျွန်းတို့ကြားတွင် တည်ရှိကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN