ဟစ်ဇ်ဘိုလာ က အစ္စရေးသို ဒုံးကျည်အစင်း ၁၀၀ ကျော်ဖြင့် ပစ်ခတ်ခဲ့


(နိုင်ငံတကာ) စက်တင်ဘာ ၂၃

လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာ တပ်ဖွဲ့က အစ္စရေးနိုင်ငံသို့ စက်တင်ဘာလ ၂၂ ရက်အစောပိုင်းတွင် ဒုံးကျည် အစင်းပေါင်း ၁၁၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဒုံးကျည်များအနက် အချို့မှာ အစ္စရေးနိုင်ငံမြောက်ပိုင်းရှိ ဟိုင်ဖာမြို့အနီးသို့ ကျရောက်ပေါက်ကွဲမှုများ ရှိလာသောကြောင့် ဟစ်ဇ်ဘိုလာ တို့က အစ္စရေးနိုင်ငံအတွင်းပိုင်းထဲအထိ ပစ်ခတ်မှုများ တိုးမြှင့်လုပ်ဆောင် လာသည်ကိုတွေ့ရသည်။

ပစ်ခတ်မှုများကြောင့် ဟိုင်ဖာမြို့အနီးရှိ အဆောက်အအုံများနှင့် မော်တော်ယာဉ်များ ထိခိုက်မှုများရှိကြောင်း၊ လူလေးဦးဒဏ်ရာ ရရှိကြောင်း အစ္စရေးအရေးပေါ်ဌာနက ထုတ်ပြန်ထားသည်။

ထို့နောက် အစ္စရေးက လက်ဘနွန်နိုင်ငံတောင်ပိုင်းဒေသကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ရာ ယခုကဲ့သို့ တိုက်ခိုက်မှုများသည် ရှေ့လျှောက်ပိုမို ပြင်းထန်လာဖွယ်ရှိသည်ဟု အစ္စရေး စစ်ဘက် က ပြောထားသည်။

ဟစ်ဇ်ဘိုလာတို့က ၎င်းတို့တိုက်ခိုက်မှုသည် Rafael စစ်လက်နက်ပစ္စည်း ကုမ္ပဏီကို အဓိက ပစ်မှတ်ထားခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.m/positiveanglenews

PAN