ကရင်ပြည်နယ်မှ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်ပွဲမှ ကျပ်သိန်း ရှစ်ထောင်ကျော်ရရှိခဲ့


(ပြည်တွင်း) စက်တင်ဘာ ၂၃

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် ကရင်ပြည်နယ်အတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးနှင့်ပြည်လည်ထူထောင်ရေးတိုအတွက် စက်တင်ဘာလ ၂၁ ရက်က အလှူငွေပေးအပ်ပွဲအခမ်းအနားကို ဘားအံမြို့၊ ဇွဲကပင်ခန်းမမှာကျင်းပပြုလုပ်ခဲ့ပြီး အလှူငွေကျပ်သိန်း ရှစ်ထောင်ကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားမှာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး က စေတနာရှင်၊ အလှူရှင် ၂၄၆ ဦးရဲ့ အလှူငွေများကို လက်ခံရယူခဲ့ကာ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အလှူငွေပေးအပ်ပွဲမှာ ရေဘေးသင့်ပြည်သူများအတွက် ပြည်နယ်ဝန်ကြီးချုပ်မိသားစု၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် မိသားစုများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းမိသားစုများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် အစုအဖွဲ့လိုက်တို့မှ လှူဒါန်းခဲ့ကြပါတယ်။

Telegram»…
https://t.m/positiveanglenews

PAN