အိန္ဒိယက ကမ္ဘာ့တတိယမြောက် စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်လာမည့် လမ်းကြောင်းပေါ်တွင် ရောက်ရှိနေ

(နိုင်ငံတကာ)စက်တင်ဘာ ၂၁

     အိန္ဒိယနိုင်ငံသည် ၂၀၃၁ ခုနှစ်အရောက်တွင် ကမ္ဘာ့တတိယမြောက် စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်လာမည့် လမ်းကြောင်းပေါ်တွင် ရောက်ရှိနေကြောင်း S&P Global ၏ သုံးသပ်ချက်တွင် ဖော်ပြထားသည်။

      လက်ရှိ အိန္ဒိယနိုင်ငံသည် အမေရိကန်၊ တရုတ်၊ ဂျပန်နှင့် ဂျာမနီနိုင်ငံတို့ပြီးနောက် ကမ္ဘာ့ပဥ္စမမြောက် စီးပွားရေးအင်အားကြီးနိုင်ငံအဖြစ် ရပ်တည်နေသည်။ ယခုဆယ်စုနှစ်အကုန်တွင် အိန္ဒိယနိုင်ငံသည် အမေရိကန် ဒေါ်လာ ၁၀ ထရီလီယံဝင်ငွေရှိသည့် နိုင်ငံအဖြစ်ဆီသို့ ရောက်ရှိတော့မည်ဖြစ်ကြောင်း သုံးသပ်ချက်တွင် ဖော်ပြ  ထားသည်ကို တွေ့ရသည်။

      အိန္ဒိယနိုင်ငံ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ဂျီဒီပီသည် ၈ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာကြောင်း အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင်မူ ဂျီဒီပီတိုးတက်မှုက ၇ ဒသမ ၂ ရာခိုင်နှုန်း ရှိသည့်အတွက် အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ဂျီဒီပီတိုးတက်မှု အမြန်ဆုံးနိုင်ငံဖြစ်လာသည်။

     ယခုလအစောပိုင်းတွင် ကမ္ဘာ့ဘဏ်ကလည်း အိန္ဒိယနိုင်ငံ၏ လက်ရှိဘဏ္ဍာနှစ်အတွက် ဂျီဒီပီတိုးတက်မှုကို မူလက ၆ ရာခိုင်နှုန်းသာ ခန့်မှန်းထားရာမှ ၇ ရာခိုင်နှုန်းသို့ တိုးမြှင့်ခန့်မှန်းထား သည်ကို တွေ့ရသည်။

      ပြီးခဲ့သည့်လတွင် အိန္ဒိယနိုင်ငံသည် ရုရှား၊ အလယ်အာရှ၊ ဥရောပတို့အပါအဝင် ကမ္ဘာ့ကုန် သွယ်ရေး ကွန်ရက်နှင့် ချိတ်ဆက်နိုင်စေမည့် ဆိပ်ကမ်းကြီးတစ်ခုကို နိုင်ငံအနောက်ပိုင်း ကမ်း ရိုးတန်း၌ တည် ဆောက်ခွင့်ပြု ထားကြောင်း သိရသည်။

#PAN