ဘုရားစင်တွင် ဖယောင်းတိုင်ဖြင့် ဘုရားမီးပူဇော်ရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွား


(ပြည်တွင်း)စက်တင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့၊အမှတ်(၃) ရပ်ကွက်၊ ငှက်ပစ်တောင်ရပ်တွင် ယမန်နေ့ည ၈နာရီ၁၂မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ငြိမ်းသတ်ခဲ့ရာ ည ၈နာရီခွဲ အချိန်တွင် မီးငြိမ်းသွားကြောင်းသိရသည်။

မီးလောင်မှုဖြစ်စဥ်မှာ ငှက်ပစ် တောင်ရပ်ရှိ ငှက်ကြီးခေါင်းချ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင် ဦးကိတ္တိဝါဒ၊သက်တော် ၂၇နှစ်၊ဝါတော် ၇ဝါသညျ ဘုရားစင်တွင် ဖယောင်းတိုင်ဖြင့် ဘုရားမီးပူဇော်ရာမှ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ၈၀၆၀ ပေ၊သွပ်မိုး၊ပျဥ်ကာ၊ပျဥ်ခင်း၊၂ထပ်ကျောင်းဆောင် ၁ဆောင် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ကျောင်းထိုင်ဘုန်းကြီး ဦးကိတ္တိဝါဒအား အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။

#PAN