ပင်လယ်ရေမှော်ရဲ့ ကျန်းမာရေးကောင်းကျိုးတွေ


(ကျန်းမာရေး) စက်တင်ဘာ ၂၂

ပင်လယ်ရေမှော်မှာ ဗီတာမင် A၊ C၊ E၊ carotenoids နဲ့ flavonoids ကဲ့သို့သော antioxidants ဓာတ်တွေ ပါဝင်ပါတယ်။ အဲဒီ antioxidants တွေဟာ ခန္ဓာကိုယ်ထဲက ဆဲလ်တွေပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။

ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ လေ့လာမှုတွေအရ ပင်လယ်ရေမှော်မှာ Fucoxanthin ကဲ့သို့ antioxidants ဓာတ်တွေပါဝင်မှုဟာ ကိုယ်ခံစွမ်းအားနဲ့ ဆဲလ်တွေ ပြန်လည်ရှင်သန်မှုကို တိုးတက်ကောင်းမွန်စေရန် ကူညီပေးနိုင်ပါတယ်။

ပင်လယ်ရေမှော်စားသုံးခြင်းက Covid-19(SARS-COV- 2)ကဲ့သို့သော ဗိုင်းရပ်စ်ကူးစက်မှုရဲ့ အကျိုးသက်ရောက်မှုကို လျော့နည်းစေကြောင်းလည်း တွေ့ရှိခဲ့ ပါတယ်။
ပင်လယ်ရေမှော်က နှလုံးကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။ ပင်လယ်ရေမှော်ကို စားသုံးခြင်းက နှလုံးကျန်းမာရေးကို မြှင့်တင်ပေးတဲ့ သွေးတွင်း သကြားဓာတ်ကို မြင့်မားခြင်းနဲ့ သွေးပေါင်ချိန် မြင့်မားခြင်းကိုလည်း လျှော့ချရာမှာ အထောက်အကူဖြစ်စေပါတယ်။

ပင်လယ်ရေမှော်မှာ အိုမီဂါ-၃ ဖက်တီးအက်ဆစ်ပါဝင်မှုက မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
ပင်လယ်ရေမှော်မှာ prebiotics၊ fibers နဲ့ antioxidants ဓာတ်တွေ ပါဝင်တာကြောင့် ဆီးချိုရောဂါကို လျှော့ချရာမှာ အထောက်အကူဖြစ်စေပါတယ်။

ဒါ့အပြင် Carotenoid, Fucoxanthin ကဲ့သိုသော အပင် ဓာတ်ပေါင်းတွေနဲ့ antioxidants ဓာတ်တွေပါဝင်မှုဟာ သွေးတွင်းသကြားဓာတ် ပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။ နောက်ပြီး ပင်လယ်ရေမှော်မှာ အမျှင်ဓာတ်ပါဝင်မှု မြင့်မားတာကြောင့် insulin ကို ပိုမိုကောင်းမွန်စွာ လုပ်ဆောင် ပေးပြီး metabolism ကိုပါ မြှင့်တင်ပေးပါတယ်။

ပင်လယ်ရေမှော်တွေက ဟော်မုန်းတွေကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးပြီး Thyroid ရဲ့ လုပ်ဆောင်မှု တွေကိုလည်း ကောင်းမွန်စေပါတယ်။ ဘာကြောင့် လဲဆိုတော့ ခန္ဓာကိုယ်မှာရှိတဲ့ Thyroids glands တွေဟာ ဟော်မုန်းတွေကို ထိန်းညှိရာမှာ ကူညီပေးပါတယ်။

ပင်လယ်ရေမှော်မှာ အိုင်အိုဒင်းနဲ့ အမိုင်နိုအက်ဆစ် Tyrosine ပါဝင်မှုက ဟော်မုန်းတွေကို ပိုမိုကောင်းမွန်စေရန် ကူညီပေးတာကြောင့် ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN