ဘွဲလွန်ဆေးပညာ အရည်အချင်းစစ်စာမေးပွဲ ရက်ပြောင်းလဲ


(ပြည်တွင်း) စက်တင်ဘာ ၂၁

၂၀၂၅ ပညာသင်နှစ် ဘွဲလွန်ဆေးပညာသင်တန်းတွေရဲ့ ဝင်ခွင့်အရည်အချင်းစစ် ရေးဖြေစာမေးပွဲများ ကျင်းပ စစ်ဆေးမယ့်ရက်ကို ပြောင်းလဲကျင်းပသွားမှာ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးကြေညာခဲ့ပါတယ်။

ဆရာဝန်များ၊ သူနာပြုများနဲ့ ကျန်းမာရေးဝန်ထမ်းများအနေနဲ့ သဘာဝဘေးအန္တရာယ် တုံပြန်ဆောင်ရွက်ရေး လုပ်ငန်းများ၊ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများမှာ အင်အားဖြည့် ပါဝင်ဆောင်ရွက်နေရတာကြောင့် အခုလို ရက်ပြောင်းလဲကျင်းပမှာ ဖြစ်ပါတယ်။

၂၀၂၅ ပညာသင်နှစ်မှာ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်တွေနဲ့ ဆေးပညာနှီးနွှယ်တက္ကသိုလ်တွေမှာ ဖွင့်လှစ်မယ့် ဘွဲလွန်ဆေးပညာ ဒီပလိုမာသင်တန်းများ၊ ဆေးပညာမဟာသိပ္ပံသင်တန်းများနဲ့ ပါရဂူဘွဲသင်တန်းများအတွက် ဝင်ခွင့်အရည်အချင်းစစ် ရေးဖြေစာမေးပွဲ တွေကို အောက်တိုဘာလ ၃ ရက်နဲ့ ၄ ရက်တွေမှာ ကျင်းပစစ်ဆေးဖို ယခင်ကြေညာထားခဲ့ပြီး လက်ရှိမှာတော့ အဆိုပါ ဝင်ခွင့်အရည်အချင်းစစ် ရေးဖြေစာမေးပွဲတွေ ကို အောက်တိုဘာလ ၂၂ ရက်နဲ့ ၂၃ ရက်တိုမှာ ကျင်းပစစ်ဆေးဖို ပြောင်းလဲသတ်မှတ်ကြောင်း အသိပေးထုတ်ပြန်လိုက်တာ ဖြစ်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN