WHO ကလှူဒါန်းသည့် ပြင်းထန်ဝမ်းပျက်ဝမ်း လျှောရောဂါကာကွယ်ဆေး ၂ သန်းကျော်ရောက်ရှိ

(ပြည်တွင်း) စက်တင်ဘာ ၂၀

        ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ လှူဒါန်းသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (OCV) ၂ ဒသမ ၄၅ သန်း (doses)က စက်တင်ဘာလ ၁၇ ရက်နှင့် ၁၉ ရက်မှာ လေယာဉ်အမှတ် WW211 နဲ့ ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။

      WHO မှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၀၅ သိန်းတန်ဖိုးရှိ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာ ကွယ်ဆေး (OCV)များကို ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိတဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တုံ့ပြန်ဆောင်ရွက် ရေးနှင့် ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများမှာ အထောက်အကူဖြစ်စေရန်အတွက် လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။

      အဆိုပါ ကာကွယ်ဆေးများကို ပြင်းထန်ဝမ်း ပျက်ဝမ်းလျှောရောဂါကူးစက်ဖြစ်ပွားခဲ့တဲ့ မြို့ နယ်/ရပ် ကွက်များမှ စာသင်ကျောင်းများ၊သင်တန်းကျောင်းများ၊ ဘော်ဒါဆောင်များ၊ ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းများ၊ သီလရှင် ကျောင်းများ၊ ပရဟိတဂေဟာ/ကျောင်းများ၊ ဘာသာရေးကျောင်းများ၊ မိဘမဲ့ကျောင်းများ၊ ဘိုးဘွားရိပ်သာများ၊ ကယ်ဆယ်ရေးစခန်းများ၊ ဈေးများ၊ အစားအသောက်ဆိုင်တန်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ အကျဉ်းထောင်များ၊ လူနေထူ ထပ်ပြီးသန့်ရှင်းသောသောက်သုံးရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှု အားနည်းသောနေရာများမှာ နေထိုင်သူ များကို ဦးတည်အုပ်စုများအလိုက် ဦးစားပေးတိုက်ကျွေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

#PAN