လက်ဘနွန်တွင် ဆက်သွယ်ရေးပစ္စည်းများ ပေါက်ကွဲမှုကြောင့် ၃၇ ဦးသေဆုံး ၃,၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့

(နိုင်ငံတကာ)စက်တင်ဘာ ၂၀

     လက်ဘနွန်နိုင်ငံတွင် ဆက်သွယ်ရေးပစ္စည်းများဖြစ်သည့် ပေဂျာများနှင့်လက်ကိုင် ရေဒီယိုများ ပေါက် ကွဲမှု ဖြစ်ပွားခြင်းကြောင့် သေဆုံးသူ စုစုပေါင်း ၃၇ ဦးနှင့် ဒဏ်ရာရရှိသူ ၃,၀၀၀ နီးပါး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီး က စက်တင် ဘာလ ၁၉ ရက်တွင် ပြောသည်။

    စက်တင်ဘာလ ၁၇ ရက်တွင်ဖြစ်ပွားသော ပေဂျာများ ပေါက်ကွဲမှုမှ ၁၂ ဦးသေဆုံးပြီး ၂,၃၂၃ ဦး ဒဏ်ရာရရှိကာ ဒဏ်ရာရရှိသူများအနက် ၂၂၆ ဦးမှာ ဆေးရုံတက်နေရဆဲဖြစ်သည်။ အလားတူ စက်တင်ဘာလ ၁၈ ရက်တွင် ဖြစ်ပွားသော လက် ကိုင်ရေဒီယိုများ ပေါက် ကွဲမှု က လူ ၂၅ ဦး သေဆုံးစေ ပြီး ၆၀၈ ဦးကို ဒဏ်ရာ ရစေကာ ၎င်းတို့အနက် ၆၄ ဦးမှာ ဆေးရုံတက်နေရဆဲဖြစ်သည်။

      စက်တင်ဘာလ ၁၉ ရက်တွင် လက်ဘနွန်အရပ်ဘက် လေကြောင်းလိုင်းမှ ညွှန်ကြားရေးမှူး ချုပ် က လေကြောင်းလိုင်းများအားလုံး ပေဂျာများနှင့် လက် ကိုင်ရေဒီယိုများကို လေယာဉ်ပေါ် တင်ဆောင်ခြင်းမပြုရန် တားမြစ်ထားသည်။ ထိုသို့ ပေါက်ကွဲမှုများကို အစ္စရေးထောက်လှမ်း ရေးဘက်က လုပ်ဆောင်ခြင်းဖြစ်သည်ဟု အချို့က စွပ်စွဲထားသည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

#PAN