မျက်လုံးအိမ်ဖောင်းပြီး မျက်ကွင်းညိုတာကို သက်သာစေမယ့် နည်းလမ်းများ

(ကျန်းမာရေးကဏ္ဍ)စက်တင်ဘာ ၂၀

     ယနေ့ ကျန်းမာရေးကဏ္ဍကနေ မျက်လုံးအိမ်ဖောင်းပြီး မျက်ကွင်းညိုတာကို သက်သာစေမယ့် နည်းလမ်းတွေအကြောင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

     သခွားသီးက သင့်အသားအရေကို နူးညံ့စေပြီး မျက်ကွင်းညိုတာကို သက်သာစေပါတယ်။ သခွားသီးကို ခပ်ပါးပါးလေးလှီးပြီး မျက်ကွင်းအောက်မှာ ကပ်ပေးလိုက်ပါ။ ပြီးရင် နာရီဝက်လောက်ထားပါ။

     နွားနို့မှာ ပရိုတင်းနဲ့ အဆီဓာတ်ပါဝင်ပြီး အသား အရေကို စိုပြေစေပါတယ်။ နွားနို့အေး အေးလေးကို မျက်ကွင်းအောက်မှာ လိမ်းပေးပြီး ၁၅ မိနစ်လောက် ထားပေးလိုက်ပါ။ ပြီးရင် ရေနဲ့ဆေးချလိုက်ပေးပါ။

      ခရမ်းချဉ်သီးကို ပါးပါးလှီးပြီးဖြစ်ဖြစ် ခရမ်းချဉ် သီးအနှစ်ကိုပဲဖြစ်ဖြစ် မျက်ကွင်းအောက်မှာ ကပ်ပေး လိုက်ပါ။ ပြီးရင် ၁၀ မိနစ်လောက် ထားလိုက်ပြီး ရေ ဆေးချလိုက်ပေးပါ။

      Green Tea အိတ်ကို ရေနွေးနဲ့ခဏစိမ်လိုက်ပြီး ရေခဲသေတ္တာထဲ ခဏအအေးခံလိုက်ပြီး မျက်ကွင်း အောက်မှာ ၁၀ မိနစ်လောက် ကပ်ပေးလိုက်ပါ။

       အာလူးအစိမ်းကို ပါးပါးလှီးလိုက်ပြီး သင့်မျက် ကွင်းအောက်မှာ ကပ်ပေးထားလိုက်ပါ။ ပြီးရင်တော့ ၁၀ မိနစ်လောက်ထားပြီး ရေပြန်ဆေးချပေးပါ။

       အထက်ပါနည်းလမ်းတွေထဲကမှ နှစ်သက်ရာနည်းလမ်းတစ်ခုကို ရွေးချယ်ပြီး လုပ်ဆောင်ပေး လိုက်ရင်တော့ မျက်လုံးအိမ်ဖောင်းပြီး မျက်ကွင်း ညိုတာတွေကနေ ကင်းဝေးစေမှာဖြစ်ပါတယ်။

#PAN