ကျီးချောင်း အ-မ-က(၃)တွင် တာဝန်ထမ်းဆောင်နေသော ကျောင်းဆရာမတစ်ဦး ကြိုးဆွဲချသေဆုံး


(မှုခင်း) စက်တင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ လှည်းဆိပ်ကျေးရွာအုပ်စု၊ လှည်းဆိပ်ရွာမတွင် ယနေ့နံနက် ၃ နာရီအချိန်ခန့်က ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသူ ဒေါ်စီစီအောင်၊ အသက် ၃၂ နှစ်သည် ပန်းပဲစုကျေးရွာ၊ ကျီးချောင်း အ-မ-က(၃)တွင် တာဝန်ထမ်းဆောင်နေသော ကျောင်းဆရာမ တစ်ဦး ဖြစ်ကြောင်းသိရပြီး၊ ၎င်း၏နေအိမ် နောက်ဖေးအဖီ ထုတ်တန်းတွင် ကြိုးဆွဲချသေဆုံးနေကြောင်း ၎င်း၏ခင်ပွန်းဖြစ်သူ ဦးတင်ထွန်းအောင်မှ ရပ်/​ ကျေးအုပ်ချုပ်ရေးမှူးထံသို့ ဖုန်းဖြင့်အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်နေအိမ်သို့ သက်ဆိုင်ရာတာဝန်ရှိသူများ ရောက်ရှိပြီး ကြို့းဆွဲချသေဆုံးသည်မှာ မှန်ကန်ကြောင်းစီစစ်တွေ့ရှိရသဖြင့် သေဆုံးသူ၏ရုပ်အလောင်းအား ကျိုက်လတ်မြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြကြောင်း သိရှိရသည်။

ရွှေကျွန်းသူ

Telegram»…
https://t.me/positiveanglenews

PAN