စက်သုံးဆီကို စမတ်ကတ်နဲ့ ရောင်းချရန် စီစဉ်နေ


(ပြည်တွင်း) စက်တင်ဘာ ၄

စက်သုံးဆီမှောင်ခိုဝယ်ယူမှုနဲ့ တန်းစီဝယ်ယူတာတွေ မဖြစ်ဖို့အတွက် စက်သုံးဆီဆိုင်တွေမှာ စမတ်ကတ်နဲ့ ရောင်းချဖို့ စီစဉ်နေတယ်လို့ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကနေ သိရပါတယ်။

လတ်တလောမှာတော့ စက်သုံးဆီဝယ်ယူခွင့် စမတ်ကတ်နဲ့ ရောင်းချဖို့ စီစဉ်ဆောင်ရွက်နေတာဖြစ်ပြီး မကြာခင်မှာ ပြုလုပ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

စက်သုံးဆီကို စမတ်ကတ်နဲ့ ရောင်းချဖို့ စီစဉ်တာဟာ မှောင်ခိုဈေးကွက်ထဲကို စက်သုံးဆီတွေအကြိမ်ကြိမ် ထုတ်ယူကာ ဖြန့်ဖြူးနေတာတွေကို တားဆီးဖို့နဲ့ ဆီပြတ်လပ်တာ၊ တန်းစီဝယ်ယူတာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ရည်ရွယ်ဆောင်ရွက်နေတာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေ ကို မကြာခင်မှာ ထုတ်ပြန်သွားဖို့ရှိတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီကနေ သိရပါတယ်။

စက်သုံးဆီကို စမတ်ကတ်နဲ့ ရောင်းချမယ်ဆိုရင် ကားတစ်စီးကို တစ်ရက်မှာ တစ်ကြိမ်ပဲ ဝယ်ယူလို့ရမှာ ဖြစ်တယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။

ဆွေဇင်

Telegram»…
https://t.me/positiveanglenews

PAN