“ရန်ကုန်ဆိပ်ကမ်း၌ ရေပေါ်သင်္ဘောဟိုတယ် အိုအေစစ်ဖွင့်ပွဲကျင်းပ”

(ပြည်တွင်း) စက်တင်ဘာ ၃

ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ အပန်းဖြေနိုင်မည့် ရန်ကုန်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ရေပေါ်သင်္ဘောဟိုတယ် အိုအေစစ်ဖွင့်ပွဲကို စက်တင်ဘာလ ၁ ရက်က လမ်းမတော်မြို့နယ်၊ ဝါးတန်းအမှတ်(၆)ဆိပ်ခံ တံတားတွင် ကျင်းပခဲ့ပါတယ်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ လိပ်ပြာကန်ကျောင်းတိုက်၊ နန္ဒာအောင်မြေကျောင်း ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဒေါက်တာ ဘဒ္ဒန္တ နိမလ ထံမှ ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များရွတ်ပွားချီးမြှင့် သည့် အန္တရာယ်ကင်းပရိတ်တရားတော်မြတ်ကို နာယူကြည်ညိုကြကာ ဖွင့်ပွဲကို ကျင်းပခဲ့ကြပါတယ်။

အဆိုပါ ရေပေါ်ဟိုတယ်သင်္ဘောသည် အလျား ၁၈၅ ပေ၊ အနံ ၃၆ ပေရှိပြီး သင်္ဘော၏အောက်ထပ်တွင် အခန်း ၂၀၊ အပေါ်ထပ်တွင် ၁၄ ခန်း စုစုပေါင်း ၃၄ ခန်းပါရှိပြီး Oasis Floating Hotel အနေဖြင့် Beauty Salon၊ Spa & Massage Restaurant နှင့် Bar စတဲ့ ဝန်ဆောင်မှုများလည်းပါဝင်မှာဖြစ်ပြီး ၎င်းဇိမ်ခံသင်္ဘောကို ဝါးတန်းအမှတ်(၆) ဆိပ်ခံဗောတံတားတွင် ပုံသေဆိုက်ကပ်ထားရှိပြီး ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်တွေကို ဝန်ဆောင်မှုပေးခြင်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။

#PAN