ပိတ်ထားသည့် ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းပြန်လည်ဖွင့်ပြီ


(ပြည်တွင်း) သြဂုတ် ၂၈

ပူတာအို – မြစ်ကြီးနားကားလမ်းပိုင်းကိုယနေ့ သြဂုတ် ၂၈ ရက်နေ့တွင်ပြန်လည်ဖွင့်လိုက်ပြီဖြစ်ကြောင်း မော်တော်ယာဥ်လိုင်းများထံမှ သိရသည်။

ကားလမ်းကိုဖွင့်လှစ်ပေးလိုက်သော်လည်း လမ်းပိုင်းများပျက်စီးနေသည့်အတွက် ပြန်လည်ပြင်ဆင်မှုများပြုလုပ်နေဖြစ်သည့်အတွက် ယာဥ်သွားလာမှု ​နှောင့်နှေးနေဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လမ်းပိုင်းများပြုပြင်နေဆဲဖြစ်သည့်အတွက် ကားကြီးများဖြတ်သန်းခွင့်မပြုသေးဘဲ ကားငယ်များကိုသာ သွားလာခွင့်ပြုထားသေး​ေကြာင်း ပူတာအိုမြို့ခံများထံကသိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ