အထက(၂၇)မှ ကျောင်းအုပ်အပါဝင် ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများအား အကြမ်းဖက်အဖွဲ့မှ ခြိမ်းခြောက်


(ပြည်တွင်း)ဩဂုတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စျ)ရပ်ကွက်၊ ၆၀×၆၁ လမ်းကြား၊ ၁၃၅ လမ်းရှိ အ.ထ.က (၂၇)ကျောင်း၊ အပေါ်ထပ် နားနေဆောင် စားပွဲပေါ်တွင်ယနေ့နဲနက် ၆ နာရီခွဲအချိန်ခန့်က ခြိမ်းခြောက်စာများတွေ့ရှိကြောင်း သိရသည်။

အဆိုပါ နားနေဆောင်သို့ သက်ဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ရာ “အ.ထ.က(၂၇)မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ ပြည်ကြီးတံခွန်ရှိ အ.ထ.က( ၂၇)ကျောင်းကို ယာယီရပ်ဆိုင်းပေးရန်နှင့် ထွက်ခွာပေးရန် ကျောင်းအုပ်အောင်သက်ဆွေနှင့် ဆရာ/ဆရာမများအား သတိပေးခြင်း “အပါဝင် ခြိမ်းခြောက်စာများ တွေ့ရှိရကြောင်း၊ ၎င်းနောက်ကျောင်းလုံခြုံရေးအတွက် တာဝန်ရှိသူများမှ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ