အမြန်လမ်းတွင် ခရီးသည်တင်မှန်လုံယာဥ် မီးလောင်

(ပြည်တွင်း) သြဂုတ် ၁၇

ရန်ကုန် – နေပြည်တော် အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၃၄/၇)နှင့် (၁၄၃/၆)ကြားတွင် ခရီးသည်တင်မော်တော်ယာဥ်တစ်စီး မီးလောင်မှု သြဂုတ် ၁၇ ရက်နေ့ည ၃ မိနစ် ၂၀ အချိန်ခန့်တွင် ဖြစ်ပွားကြောင်း သိရသည်။

မီးလောင်မှုသတင်းရရှိသဖြင့် ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၃ နာရီ ၅၀ မိနစ် အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင့် ခရီးသည်ထိခိုက်ဒဏ်ရာရရှိမှုရှိ မရှိကိုတော့ မသိရပါ။

#PAN