ကံမမြို့နယ်၊ ကျီးမီးကျေးရွာ၊ အုပ်ချုပ်ရေးမှူး အား အကြမ်းဖက် PDF အဖွဲ့ဝင်များမှ လာရောက်သတ်ဖြတ်


(ပြည်တွင်း) ဇူလိုင် ၁၁

ယမန်နေ့ည ၁၀ နာရီအချိန်ခန့်က မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ကျီးမီးကျေးရွာ၊ အုပ်ချုပ်ရေးမှူး အား အကြမ်းဖက် PDF အဖွဲ့ဝင်များမှ လာရောက်သတ်ဖြတ်သွားခဲ့ကြောင်း သိရှိရသည်။

ကျီးမီးကျေးရွာ၊ အုပ်ချုပ်ရေးမှူး ဦးမိုးကျော် သည် ယခင် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ တစ်ဦးဖြစ်ပြီး နေအိမ်၌ရှိနေစဉ် အကြမ်းဖက် PDF အဖွဲ့ဝင်များမှရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသောကြောင့် အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့ရကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ