အာမခံကျေးရွာတွင် လယ်ယာထဲ၌အလုပ်လုပ်ကိုင်နေသူ တစ်ဦး မိုးကြိုးပစ်ခံရ၍ သေဆုံး


(ပြည်တွင်း) ဇွန် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်း၊ ဘိုကလေးမြို့နယ်၊ ကျွန်းသာယာကျေးရွာအုပ်စု၊ အာမခံကျေးရွာတွင် လယ်ယာထဲ၌အလုပ်လုပ်ကိုင်နေသူ တစ်ဦး မိုးကြိုးပစ်ခံရ၍ သေဆုံးသွားခဲ့ရကြောင်း သိရှိရသည်။

ယနေ့နံနက်တွင် ဦးစန်းမင်းသူ ပိုင်ဆိုင်သော လယ်ယာထဲတွင်အလုပ်လုပ်ကိုင်နေသော ဦးငြိမ်းမောင်၊ အသက် ၅၇ နှစ်အား ၁၀ နာရီ ၄၅ ပိနစ်အချိန်ခန့် က မိုးရွာသွန်းခဲ့ပြီး မိုးကြိုးပစ်ခတ်မှုကြောင့် နေရာတွင်ပင်ပွဲချင်းပြီး သေဆုံးသွားခဲ့ရကြောင်း သတင်ရရှိပါသည်။

Telegram>>…
https://t.me/positiveanglenews

PAN

#SZ