(ပြည်တွင်း) မေ ၂၈
ဖောင်းပြင်မြို့နယ်၊ အင်ဝိုင်းကျေးရွာအနီး အကြမ်းဖက် PDF များ၏ အလောင်း လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ
(ပြည်တွင်း) မေ ၂၈
ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် အင်ဝိုင်းကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များနယ်မြေရှင်းလင်းနေစဉ် အကြမ်းဖက် PDF များနှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အကြမ်းဖက်အလောင်းနှင့် ၎င်းတို့၏ လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယင်း ထိတွေ့ပစ်ခတ်မှုတိုက်ပွဲမှ အကြမ်းဖက် PDF ၁ လောင်း၊ မောင်းပြန်ရိုင်ဖယ်သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၁၂ တောင့်တို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။
NLD ပါတီ၏ ရွေးကောက်ပွဲမသမာမှု၊ မဲမသမာမှုများ၏နောက်ဆက်တွဲအဖြစ် အကြမ်းဖက်လက်နက်ကိုင် ပုန်ကန်သူများ ပေါ်ပေါက်လာပြီး လက်နက်ကိုင်ပစ်ခတ် တိုက်ခိုက်မှုများ၊ သတ်ဖြတ်မှုများနှင့် လမ်းတံတားများအား မိုင်းခွဲတိုက်ခိုက်မှု၊ မီးရှို့မှုများအပြင် လူနေအဆောက်အဦများနှင့် အစိုးရရုံးဌာနများကိုလည်း Drop Bomb ဖြင့်ပစ်ချတိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်လျှက်ရှိကြောင်း သိရှိရပါသည်။
Telegram>>…
https://t.me/positiveanglenews