ဇူလိုင်လ ၄ ရက်တွင် အထွေထွေရွေးကောက်ပွဲ ပြုလုပ်ရန် ဗြိတိန်ဝန်ကြီးချုပ် ဆူနက် ကြေညာ


(နိုင်ငံတကာ) မေ ၂၄

ဇူလိုင်လ ၄ ရက်တွင် အထွေထွေရွေးကောက်ပွဲ ပြုလုပ်ရန် ဗြိတိန်ဝန်ကြီးချုပ် ဆူနက် ကြေညာ


(နိုင်ငံတကာ) မေ ၂၄

ဇူလိုင်လ ၄ ရက်တွင် ဗြိတိန်နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို ကျင်းပမည်ဟု ဗြိတိန်ဝန်ကြီးချုပ် ရှစ်ရှီ ဆူနက် က‌ ကြေညာခဲ့ကြောင်း သိရသည်။

၎င်းတို့ ကွန်ဆာဗေးတစ်ပါတီ၏ ၁၄ နှစ်ကြာ အုပ်ချုပ်မှုအတွက် အကြီးမားဆုံး စိန်ခေါ် မှုနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်ရုံးအပြင်ဘက်တွင် အဆိုပါ ကြေညာချက်ကို မေလ ၂၂ ရက် က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဗြိတိန်နိုင်ငံအတွက် အနာဂတ်ကို ရွေးကောက်ရမည့်အချိန် ရောက်ရှိလာပြီဟု ၎င်းက ပြောကြားခဲ့သည်။

ကွန်ဆာဗေးတစ်ပါတီသည် ၂၀၁၀ ပြည့်နှစ်တွင် အာဏာ စတင်ရရှိခဲ့သည်။ သိုသော်လည်း ပြည်သူများက အစိုးရအပေါ် မကျေနပ်မှုများမှာ မကြာသေးမီကမှ ကြီးထွားလာခဲ့သည်။ ဗြိတိန်သည် ၂၀၂၀ ပြည့်နှစ်တွင် ဥရောပသမဂ္ဂမှ နုတ်ထွက်ခဲ့သည်။

ထို့နောက် တိုင်းပြည်အတွင်းမှ ပြည်သူများသည် ၎င်းတို့၏ဘဝ တိုးတက်လာမည်ဟု ယူဆခဲ့ကြသည်။ ဘောရစ်ဂျွန်ဆင်၏ အုပ်ချုပ်မှုအောက်တွင် ကိုဗစ်-၁၉ ကူးစက်မှု ကာလ ပိတ်ဆို့မှုများနှင့် ပါတီအတွင်း အရှုပ်တော်ပုံများ ဆက်တိုက်ကြုံတွေ့ခဲ့ရသည်။

လစ်ထရပ်စ် အစိုးရသည် စီးပွားရေး မငြိမ်မသက်ဖြစ်မှုများကြောင့် ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ဆူနက်သည် ၂၀၂၂ ခုနှစ်တွင် ဝန်ကြီးချုပ်အဖြစ် စတင်ထမ်းဆောင်ခဲ့ပြီး ၎င်းသည် ငွေကြေးဖောင်းပွမှု လျော့နည်းရန်နှင့် လူဝင်မှုကြီးကြပ်ရေးကိစ္စရပ်များကို ကိုင်တွယ်ကာ ပြည်သူများ၏ ယုံကြည်မှုရရှိအောင် ဆောင်ရွက်ခဲ့သည်။

ယခုလအတွင်း ကောက်ယူထားသည့် စစ်တမ်းများအရ ကွန်ဆာဗေးတစ်ပါတီသည် အတိုက်အခံလေဘာ ပါတီနှင့် နှိင်းယှဉ်လျှင် လူထုကြိုက်နှစ်သက်မှုတွင် ၂၀ ရာခိုင်နှုန်း နောက်ကျကျန်ခဲ့သည်ကို တွေ့ရှိရသည်။

နောက်ဆုံးတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်နေ့ကို ဝန်ကြီးချုပ် က ကြေညာလိုက်ပြီဖြစ်ကြောင်း၊ တိုင်းပြည်အတွက် အဓိကလိုအပ်သည့် အချိန်ကာလဖြစ်ကြောင်းနှင့် ယခု ရွေးကောက် ပွဲသည် အပြောင်းအလဲ ပြုလုပ်ရန်အခွင့်အရေးဖြစ်ကြောင်း အတိုက်အခံလေဘာပါတီမှ ခေါင်းဆောင် ကီရာစတာမား က ပြောသည်ဟု NHK သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ