ဆင်ဘိုက ပညာ​ရေးဝန်ထမ်းအချို့ ခြိမ်းခြောက်ခံနေရ


(ပြည်တွင်း) ဧပြီ ၂၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့နယ်မှကျေးရွာအချို့တွင် တာ၀န်ထမ်းဆောင်လျက်ရှိသည့် ပညာရေးဝန်ထမ်း ကျောင်းဆရာ/မ များကို ကချင်အကြမ်းဖက်​သောင်းကျန်းသူ KIA/ PDF များမှ လာရောက်ခြိမ်းခြောက်မှု​များရှိနေကြောင်း သိရသည်။

“ရွာထိလာရောက်လာပြီး ဆရာ/မ တွေကို CDM လုပ်ဖို့ပြောတယ်။ ၎င်းလက်အောက်မှာနေပြီး စာသင်မှ စာသင်ကြားမှ ကျောင်းဖွင့်ခွင့်ပေးမယ် စာသင်ခွင့်ပေးမယ်” ဟု KIA များမှ ပြောသည်။

၎င်းတို့၏ သတိပေးချက်များအား လိုက်နာခြင်းမရှိပါက ဆရာ/မများအား ကျောင်းကိုလုံး၀ မလာရန် အသက်အန္တရာယ်ကိုအာမ မခံကြောင်း ဧပြီလ ၂၂ ရက်နေ့ နှင့် ၂၃ ရက်နေ့ ညဦးပိုင်းတို့တွင် KIA များမှလာရောက် ခြိမ်းခြောက် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ခြိမ်းခြောက်မှုမျအတွက် NON CDM ပညာရေးဝန်ထမ်းများအနေဖြင့် အခက်အခဲများ တွေ့နေရကြောင်း သိရသည်။

ဆင်ဘိုမြို့တွင် အောင်မင်္ဂလာ၊ အောင်ချမ်းသာ၊ ဧရာဦးရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှာ မြင်သာ၊ ရေနားပင်လုံ၊ တောပင်လုံ၊ ပင်တော်၊ မံကင်း၊ ဝဲကြီး၊ တာဟိုးနား၊ ဆွန်ဒူ၊ ညောင်ပင်သာ ၊ ငှက်ပျောတော(ညောင်ပင်သာ ၂)၊ မံဖွား၊ ဘိုင်ဘင်(ကျွန်းဦး)၊ နယ်ခြား၊ နောင်ပွဲ ကျေးရွာများဖြင့်ဖွဲ့စည်းထားသည့် မြို့ဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews/21958

PAN