(နိုင်ငံတကာ) ဧပြီ ၂၃
အီရတ်က ဆီးရီးယားနိုင်ငံရှိ အမေရိကန်စစ်စခန်းတစ်ခုကို ဒုံးများဖြင့်တိုက်ခိုက်ကြောင်း အီရတ်နှင့် အမေရိကန်တာဝန်ရှိသူများက ပြောသည်။
အီရတ်တို့က အဆိုပါ တိုက်ခိုက်မှုကို ဧပြီလ ၂၁ ရက်တွင် လုပ်ဆောင်ခြင်း ဖြစ်ကြောင်းနှင့် ဆီးရီးယားနှင့်နယ်စပ်ရှိ ဇွန်မာမြို့မှ နေ၍ တိုက်ခိုက်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် မဟာမိတ်တပ်များ အခြေစိုက်ရာစစ်စခန်းမှ မည်သူမျှ ထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း အမည်မဖော်လိုသူ အမေရိကန်တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုတိုက်ခိုက်မှုသည် ဖေဖော်ဝါရီလအတွင်း အမေရိကန်စစ်စခန်းများ တိုက်ခိုက်ခံရမှုပြီးနောက် ပထမဆုံး အကြိမ်လည်း ဖြစ်သည်။
ဒုံးဖြင့် ပစ်ခတ်သည်ဟု ယူဆရသောနေရာတစ်ဝိုက်တွင် ရှာဖွေရေးအဖွဲများက အသေးစား ထရပ်ကားတစ်စီးကို တွေ့ရှိကြောင်း၊ ထိုထရပ်ကား၏နောက်တွင် ဒုံးပစ်လောင်ချာတစ်ခု တပ်ဆင်ထားကြောင်း တာဝန်ရှိသူများက ပြောသည်။
အီရတ် ဝန်ကြီးချုပ် မိုဟာမတ်ရှီယာ အယ်ဆူဒါနီက အမေရိကန်နိုင်ငံသို့သွားကာ သမ္မတ ဂျိုးဘိုင်ဒင်နှင့်တွေ့ဆုံ၍ ပြန်လာပြီး နောက်တစ်ရက်တွင် ယခုကဲ့သို့တိုက်ခိုက်မှုဖြစ်ပွားခြင်း ဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုပြီးနောက် ဟစ်ဇဘိုလာဘက်တော်သားများက ထိုတိုက်ခိုက်မှုသည် အစပိုင်းသာရှိ သေးကြောင်း ဧပြီလ ၂၂ ရက်တွင် မှတ်ချက်ပြုပြောထားသည်ကို တွေ့ရသည်။
အမေရိကန် က အီရတ်နိုင်ငံ အတွင်း စစ်ဆင်ရေးပြီးဆုံးကြောင်း ကြေညာသည့် ၂၀၂၁ ခုနှစ်နောက်ပိုင်း အီရတ်စစ်သည်များကို လေ့ကျင့်ပေးရေးနှင့် ကူညီပေးရေးဟု ဆိုကာ စစ်သည် ၂,၅၀၀ ကို ဆက်လက်တပ်စွဲထားသေးကြောင်း Sputnik သတင်းဌာနတွင် ဖော်ပြ ထားသည်။
Telegram>>…
https://t.me/positiveanglenews/21946