သင်္ကြန်ကာလအပြီး စားအုန်းဆီရည်ညွှန်းဈေး မြင့်တက်လာ


(ပြည်တွင်း) ဧပြီ ၂၃

သင်္ကြန်ကာလအပြီးမှာ ရန်ကုန်စားအုန်းဆီလက်ကားရည်ညွှန်းဈေး အနည်းငယ်မြင့်တက်လာတယ်လို့ စားသုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်ကနေ ၂၈ ရက်အထိ ရန်ကုန်အထိုင်ဈေး လက်ကားရည်ညွှန်းဈေးအဖြစ် စားအုန်းဆီ တစ်ပိဿာကို ၅,၃၄၀ ကျပ် သတ်မှတ်ထားပြီး သင်္ကြန်မတိုင်ခင်က လက်ကားရည်ညွှန်ဈေး တစ်ပိဿာကို ကျပ် ၅,၂၅၀ ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် သင်္ကြန်ပြီးမှာတော့ စားအုံးဆီ လက်ကားရည်ညွှန်းဈေး တစ်ပိဿာကို ၉၀ ကျပ်ခန့် မြင့်တက် လာတာကို တွေ့ရပါတယ်။

ပြည်တွင်းဈေးကွက်ထဲမှာ စားအုန်းဆီကို ဈေးကစားဖို့ရည်ရွယ်ချက်နဲ့ သိုလှောင်တာ၊ ဈေးနှုန်းမြှင့်တင် ရောင်းချတာနဲ့ မသမာတဲ့လုပ်ဆောင်မှုတွေပြုလုပ်ရင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Telegram>>…
https://t.me/positiveanglenews/21947

PAN