ဧပြီ ၉
ခရီးသွားပြည်သူများကို ထိခိုက်စေရန်ကြိုတင်ထောင်ထားသောမိုင်းအား တပ်မတော်မှအချိန်မှီသိရှိ၍ရှင်းလင်းနိုင်ခဲ့
ဧပြီ ၉
ဧပြီလ ၉ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်း(ခ)အောင်မြင်မြို့၊ ဆင်ဇလုပ် ကျေးရွာအုပ်စု၊ အောင်မင်္ဂလာကျေးရွာရှိ အောင်မင်္ဂလာကျေးရွာ-သရက်စိန်ကျေးရွာ ရန်ကုန်-မန္တလေးကားလမ်း(လမ်းဟောင်း) လမ်းဘေးခြုံပုတ် နေရာတွင် လက်လုပ်မိုင်း(၁)လုံးအား ခရီးသွားပြည်သူတစ်ဦးမှ လမ်းဘေးတွင် အပေါ့သွားနေစဥ် တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
တာဝန်သိစွာသတင်းပေးပို့ခဲ့သဖြင့် နယ်မြေလုံခြုံရေးအဖွဲ့မှ သွားရောက်၍ မိုင်းရှင်းလင်းခြင်း ဆောင်ရွက်ခဲ့ရာ အနက်ရောင် ပလတ်စတစ်အိတ်အတွင်း၌ အဝါရောင်တိပ်ဖြင့် ပတ်ထားသော ကားစလစ်အိုး ၁ လုံးနှင့် ပူးတွဲလျှက် X-BO အမျိုးအစား အနက်ရောင် ကီးပတ်ဖုန်း ၁ လုံး၊ Power တံဆိပ်ဓါတ်ခဲ အသေးအလုံး ၂၀ ၊ MYTEL Simcard ၁ ခုနှင့် ရေသန့်ဗူးခွံ ၁ ခုတို့အား ပူးတွဲ ခဲတို့ထားပြီး ဝါယာကြိုး အဝါ/အဖြူတို့ဖြင့် ဆက်သွယ်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရှိရသည်။
အဆိုပါ မိုင်းထောင်ထားသော နေရာသည် နိုင်ငံတဝှမ်းရှိ ရဟန်းရှင်လူ အများပြည်သူတို့အဓိက အားကိုးပြုသွားလာနေရသော ကုန်သွယ်ရေး လမ်းမကြီး ဖြစ်သည်။
လွန်ခဲ့သောလပိုင်းကလဲ အကြမ်းဖက် KNU/PDF ပူးပေါင်းအဖွဲ့များသည် ရန်ကုန်-မန္တလေးကားလမ်းဟောင်းပေါ် တောကျွဲအင်းမြို့နှင့် ကညွတ်ကွင်းမြို့ကြားရှိ အထက်မြန်မာပြည် နှင့်အောက်မြန်မာပြည်အား အဓိကဆက်သွယ်ထားသော သံတံတားကြီးအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ခရီးစဥ်များ ကုန်စည်စီးဆင်းမှုများ ရပ်နားခဲ့ရပြီး အမြန်လမ်းမကြီးမှ သွားလာခဲ့ကြရကြောင်း သိရှိရသည်။
အကြမ်းဖက်သမားများသည် ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)တွင် အကြမ်းဖက်လုပ်ငန်းများအား နေ့စဥ်ဆောင်ရွှက်လျှက်ရှိသည်။