တိုက်ပွဲတွေဖြစ်ပွားနေသည့် မြဝတီမြို့အား စစ်မဲ့ဇုံအဖြစ်ထားရှိပေးရန် မြို့ခံရပ်မိရပ်ဖများ လမ်းလျှောက်ဆန္ဒပြတောင်းဆို

(ပြည်တွင်း) ဧပြီ ၉

တိုက်ပွဲများဖြစ်ပွားနေသည့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်မြို့ဖြစ်သည့် ကရင်ပြည်နယ် မြဝတီမြို့နယ်ကို စစ်မဲ့ဇုံအဖြစ်ထားရှိပေးရန် စစ်ပွဲနဲ့သက်ဆိုင်သူများအား မြို့ခံရပ်မိ ရပ်ဖ ၁၀ ဦးမှဦးဆောင်ကာ ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း သိရသည်။

မြို့ခံရပ်မိရပ်ဖများဦးဆောင်သည့် ဒေသခံ ၃၀၀ ဦးမှာ ယနေ့ ဧပြီလ ၉ ရက်နေ့ ညနေ ၄ နာရီအချိန်မှစတင်က အမှတ်၁ရပ်ကွက်ဘော်လုံးကွင်းမှ ထိုင်းမြန်မာချစ်ကြည်ရေးတံတား အမှတ်(၁) အထိ လမ်းလျှောက် ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း သိရသည်။

မြို့ခံရမိရပ်ဖများနှင့်ဒေသခံ ၃၀၀ မှ
“မြဝတီမြို့ အား လက်နက်ကိုင်များအားလုံး စစ်မဲ့ဇုံအဖြစ်သတ်မှတ်ပေးပါ” “ဆက်ပြေးစရာမြေလည်း မရှိတော့သည့်အတွက် မြဝတီမြို့အား စစ်မဲ့ဇုံ သတ်မှတ်ပေးပါ”” စစ်ဘေးဒုက္ခသည်များ၏ နောက်ဆုံးခိုကိုးရာမြေ မြဝတီကို ချမ်းသာပေးကြပါ” “ကော့ကရိတ် ၊ ညီနောင် ၊ ရွာသစ်၊ မဲကနယ်၊ ရှမ်းတို့မှ စစ်ဘေးရှောင်ပြည်သူများ စုပေါင်းနေထိုင်ရာ မြဝတီမြို့အား စစ်မဖြစ်ရေး မေတ္တာရပ်ခံအပ်ပါသည်”” People Desire.SAVE MYAWADDY NOT WAR ZONE MYAWADDY”အစရှိသည့် မြန်မာ အင်္ဂလိပ် ၂ ဘာသာဖြင့်ရေးသားထားသည့် ဆိုင်းဘုတ်၂၀ ကျော်ကိုင်ဆောင်ပြီး လမ်း​လျှောက် ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း သိရသည်။

ယနေ့ မွန်းလွဲ ၁ နာရီမှစတင်ပြီး မြဝတီမြို့အမှတ်(၂၇၅)ခြေလျင်တပ်ရင်းတပ်ရင်းဌာနချုပ်အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အင်အား ၄၀၀ ကျော်ခန့် က စတင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

#PAN