အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပဆောင်ရွက်ပေးမည့် တက္ကသိုလ်ဝင်စာမေးပွဲ စစ်မေးမည့်အချိန်စာရင်းနှင့် စာစစ်ဌာနများစာရင်းကြေညာ

(ပြည်တွင်း)မတ် ၂၉

ကျင်းပပြီးစီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန် မှတ်ပုံတင်ထားပြီးဖြစ်သော်လည်း လုံခြုံရေးအခြေအနေအရ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် မရခဲ့ကြသည့် ဒေသအချို့ရှိကျောင်းသား၊ ကျောင်းသူများအတွက် အထူးအစီအစဉ်တစ်ရပ်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့်ပြည်နယ် အစိုးရများ၏ ပံ့ပိုးကူညီပေးမှုနှင့် သတ်မှတ်ထားသည့် အခြေခံပညာကျောင်းများရှိ စာစစ်ဌာနများသို့ ကျောင်းသား၊ ကျောင်းသူများအား စုစည်းခေါ်ယူ၍ စာမေးပွဲ ဖြေဆိုစေမည်ဖြစ်ကြောင်း နစက မှသတင်းထုတ်ပြန်ထားသည်။

အဆိုပါ အထူးအစီအစဉ် တစ်ရပ်အနေဖြင့် ကျင်းပဆောင်ရွက်မည့် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်းနှင့် စာစစ်ဌာနများစာရင်းကို အောက်ပါအတိုင်း ကြေညာထားသည်။

#PAN