ဂွမြို့နယ်တွင် ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦးပျောက်ဆုံးသွားပြီး အလောင်းပြန်လည်းတွေ့ရှိ

မတ် ၂၃

ရခိုင်ပြည်နယ် ဂွမြို့နယ်မှ ဆယ်ကျော်သက်အရွယ်ပိုက်ဖောင်လုပ်သားကပျောက်ဆုံးနေခဲ့ရာမှ အလောင်းကိုသာပြန်လည်တွေ့ရှိကြောင်း ဒေသခံမျ၏ ပြောဆိုချက်အရ သိရသည်။

မတ်လ ၂၁ ရက်၊ ညနေပိုင်းက မောင်သားပုကို ဇေယျာဦးဆိုသူနှင့်အတူ ဆပ်သွားကျေးရွာသို့ အိုးခွက်ပန်းကန်များဝယ်ရန်ထည့်ပေးလိုက်ရာမှ ပြန်မရောက်ရှိမလာဘဲပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပျောက်ဆုံးသွားသည့် အဆိုပါ လူငယ်အား လိုက်လံရှာဖွေခဲ့ကြရာ ယနေ့ နံနက်ပိုင်းတွင် ဖျောက်ဖျက်ထသော အလောင်းကို ပြန်လည်တွေ့ရှိကြောင်း ဒေသခံမျ၏ပြောဆိုချက်အရသိရသည်။

သတ်ဖြတ်ပြီး အလောင်းဖျောက်ထားသည့် ပိုက်ဖောင်ပိုင်ရှင်၏ သားဖြစ်သူ ဆယ်ကျော်သက်အရွယ် လူငယ်အလောင်းကို တွေ့ရှိပြီဟု သတင်းရရှိသည်။

သတ်ဖြတ်ခံရသည့်ကလေးငယ်မှာ ဂွမြို့နယ်၊ကင်းပုံကျေးရွာမှ အသက် ၁၃ နှစ်အရွယ် မောင်သားပုလေးဖြစ်ပြီး သတ်ဖြတ်အလောင်းဖျောက်ထားခဲ့သူမှာ ၄င်းဖခင်၏ ပိုက်ဖောင်တွင် အလုပ်လုပ်ရန်ခေါ်ထားသည့် ကိုဇေယျာဦးဆိုသူဖြစ်ကြောင်း သိရသည်။

သတ်ဖြတ်သူသည် အဆိုပါ လူငယ်အား အလောင်းဖျောက်ကာ ဆိုင်ကယ်နှင့် ပိုက်ဆံများ ကိုယူသွားခဲ့ပြီး လက်ရှိတွင် ထွက်ပြေးနေသည်ဟု ဆိုသည်။

“ညနေ ၃နာရီဝန်းကျင် ဂွဘက်ကို ခေါ်သွာယတယ်လို့သိရတယ်။ ညနေ၄နာရီဝန်းကျင်မှာ ခေါ်သွားသူက သံတွဲဘက်ကို တစ်ဦးထဲသာဆိုင်ကယ်စီးသွားကြောင်းမြင်တွေ့ရသူတွေရှိတယ်။ သူ တရားခံနှင့်အတူရှိမရှိမသိပါ ပျောက်ဆုံးနေသူမှာမိဘ သူငယ်ချင်း ဖုန်းများလည်းအလွတ်သိသူဖြစ်နေတဲ့အတွက် သူ့ဖုန်းမရှိသည့်တိုင် အန္တရာယ်ရှိမနေပဲ ရုံးထွက်ပြီး ဖုန်းဆက်ရင်ရနိုင်တယ်” ပျောက်ဆုံးသွားသည့်နေ့တွင် ဒေသခံများကပြောဆိုထားကြသည်။

” မိဘတွေက ဇေယျာဦးဆိုတဲ့သူနဲ့အတူ ကလေးကို ငွေငါးသောင်းပေးပြီး ဆပ်သွားဖက်မှာ အဝတ် အထည်တွေ၊အိုးခွက်ပန်းကန်တွေဝယ်ဖို့ထည့်ပေးလိုက်တာ။ဆိုင်ကယ်နဲ့သွားကြတာ။ အဲဒီနေ့ကတည်းက ရွာကိုပြန်မရောက်လာဘဲ ပျောက်နေတာ။ ဒီနေ့မနက်မှာ ကလေးအလောင်းကို တွေ့တယ်” ဟု ဂွမြို့မှ လူမှုရေးလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးကပြောသည်။

ပျောက်ဆုံးနေသူ မောင်သားပုအား ကမ်းသာယာကျေးရွာနောက်ဘက်ပင်လယ်နှင့်ရွာကြားဓနိချောင်းလေးအတွင်းမှောက်လျှက် အပေါ်မှနှုံးများအရွက်အခက်များဖုံးကာ သေဆုံးအလောင်းကို ယနေ့မတ်လ ၂၃ ရက်၊ မွန်းလွဲ ၁၂ နာရီခန့်တွင် ပြန်လည်တွေ့ရှိရသည်ဟု ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

အဆိုပါချောင်းကမ်းစပ်တွင် ကလေးငယ်၏ အလောင်းမှာမှောက်ခုံအနေအထားဖြင့်တွေ့ရပြီး အလောင်းအပေါ်မှ သစ်ရွက်များဖုံးအုပ်ထားကြောင်း ဂွမြို့မှ လူမှုရေးလုပ်ကိုင်နေသူများကပြောသည်။

ကလေးငယ်၏ ညာဘက်လက်တွင်ဓားနှင့်ခုတ်ဖြတ်ခံထားရဟန်တူသည့် ပြတ်ရှဒဏ်ရာကိုလည်း အလောင်းတခ်င်တွေ့ရကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။

သေဆုံးသူနှင့်အတူ သွားခဲ့သည့်ဇေယျာဦးဆိုသူမှာ သံတွဲမြို့နယ်၊သွေးကျောက်ကျေးရွာဖက်မှဖြစ်ပြီး မကြာသေးမီရက်ပိုင်းကမှ မောင်းသားပုဖခင်၏ကျော့ပိုက်ဖောင်တွင် အလုပ်လာတောင်း၍ အလုပ်ပေးထားသူဖြစ်ပြီး ယခု လူငယ်အားသတ်ပြီး ဆိုင်ကယ်နဲ့ ငွေကို လုယူသွားခဲ့ကြောင်း ဒေသတွင်းသတင်းမျတွင် ဖော်ပြနေသည်။

လက်ရှိတွင် အဆိုပါချောင်းထဲမှကလေးငယ်၏အလောင်းကို သယ်ယူနိုင်ရန်စီစဥ်နေကြောင်းသိရှိရသည်။

#PAN