မတ် ၂၀
ဆက်သွယ်ရေးကွန်ရက်အသုံးပြုပြီး ရုပ်ရှင်/ဗီဒီယိုကား ထုတ်လွှင့်ပြသခြင်းလုပ်ငန်းများ မှတ်ပုံတင်ခြင်း လုပ်ဆောင် ရမည်
မတ် ၂၀
ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းလုပ်ကိုင်ခွင့်အမိန့်ကို ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပြီး အွန်လိုင်းစနစ်အပါအဝင် ဆက်သွယ်ရေးနည်းပညာတစ်ခုခုကို အသုံးပြုကာ ရုပ်ရှင်၊ ဗီဒီယိုထုတ်လွှင့်ပြသခြင်းလုပ်ငန်းများ မှတ်ပုံတင်ပြီး ဆောင်ရွက်ရတော့မှာဖြစ်တယ်လို သိရပါတယ်။
ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့် ပြသခြင်းလုပ်ငန်းများတွင် ရုပ်ရှင်၊ဗီဒီယိုအဖြစ် ရိုက်ကူး ထုတ်လုပ်တဲ့ ဇာတ်လမ်းကား၊ မှတ်တမ်းတင်ကား၊ မော်ကွန်းတင်ကား၊ သတင်းကား၊ ဖျော်ဖြေရေးကား သိုမဟုတ် ပညာပေး ကားများကို ဆက်သွယ်ရေးကွန်ရက်အသုံးပြု၍ ဖြန့်ချိခြင်း၊ မျှဝေခြင်း၊ ရောင်းချခြင်းနှင့် ပြသခြင်းများအပြင် ဆက်သွယ်ရေး ကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင်ရုံတည်ထောင်ခြင်း၊ ရုပ်ရှင်ဆိုင်ရာ အက်ပလီကေးရှင်းများကို လွှင့်တင်ခြင်းဆိုင်ရာလုပ်ငန်းများ ပါဝင်တယ်လို သိရပါတယ်။
ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ရုံတည်ထောင်ခြင်း၊ ရုပ်ရှင်ဆိုင်ရာ အက်ပလီကေးရှင်းများ လွှင့်တင် ခြင်းနှင့် ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့် ပြသခြင်းစတဲ့ လုပ်ငန်းတစ်မျိုးမျိုးကို လုပ်ကိုင်လိုသူဟာ သက်ဆိုင်ရာတိုင်းဒေသကြီး(သိုမဟုတ်) ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို မှတ်ပုံတင် လျှောက်ထား ရမှာ ဖြစ်ပါတယ်။
မှတ်ပုံတင်လက်မှတ် သက်တမ်းကာလကို တစ်နှစ်ခွင့်ပြုထားပြီး မှတ်ပုံတင်ကြေးမှာ ငွေကျပ် ၂ သိန်းဖြစ်ကာ သက်တမ်းတိုးပါက ငွေကျပ် ၁ သိန်းကို ပေးသွင်းလျှောက်ထားရမယ်လို သိရပါတယ်။ ဒါ့အပြင် မှတ်ပုံတင်လက်မှတ် ရရှိ သူဟာ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ထုတ်လွှင့်ပြသမည့် ရုပ်ရှင်ဇာတ်ကားတစ်ကားချင်းစီကို စိစစ်ရေးအဖွဲသို တင်ပြ၍ စိစစ်မှုခံယူရမှာဖြစ်သလို ရုပ်ရှင်ကားစိစစ်ခအဖြစ် ၁၂၀ မိနစ်ထက်မပိုတဲ့ ရုပ်ရှင်ကားတစ်ကားလျှင် ကျပ် ၁,၀၀၀ နှုန်း၊ ၁၂၀ မိနစ်ထက်ပိုတဲ့ ရုပ်ရှင်ကားတစ်ကားလျှင် ကျပ် ၂,၀၀၀ နှုန်းဖြင့် ပေးသွင်းရမှာဖြစ်တယ်လိုလည်း သိရပါတယ်။
အဆိုပါအမိန့်ကို မတ်လ ၁၃ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာဖြစ်ပြီး ယင်းအမိန့်အရ မှတ်ပုံတင် လက်မှတ်မရှိဘဲ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ဇာတ်ကား ထုတ်လွှင့်ပြသခြင်းများကို လုပ်ကိုင်ခြင်းမပြုရဘူး လိုလည်း သိရပါတယ်။
အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(ဂ)အရ ပြည်ထောင်စုအစိုးရအဖွဲရဲ့ မတ်လ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည့် အမိန့်ကြော်ငြာစာအမှတ်(၃/၂၀၂၄)ဖြင့် တာဝန်အပ်နှင်းခံထားရတဲ့ ပြန်ကြားရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ(ခ)အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီး ဆက်သွယ်ရေး ကွန်ရက်အသုံးပြု၍ ရုပ်ရှင်ဇာတ်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်းနှင့်စပ်လျဉ်းသည့် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြား ချက်နှင့် လုပ်ထုံးလုပ်နည်းများထုတ်ပြန်ခွင့်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအား အပ်နှင်းထားတယ်လို သိရပါတယ်။
PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews
Like, Share, Follow, Subscribe, Join
သတင်းပေးပိုရန် PAN Viber – 09772979725