ဒီမိုကရေစီထိပ်သီးဆွေးနွေးပွဲသို တက်ရောက်ရန် ဘလင်ကန် တောင်ကိုရီးယားသို့ရောက်ရှိ


မတ် ၁၉

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်သည် တောင်ကိုရီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဒီမိုကရေစီထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် ယင်းနိုင်ငံသို့ မတ်လ ၁၇ ရက်တွင် ရောက်ရှိလာကြောင်း သိရသည်။

တောင်ကိုရီးယားတွင် မတ်လ ၁၈ ရက်မှ ၂၀ ရက်အထိကျင်းပမည့် ဒီမိုကရေစီထိပ်သီးဆွေးနွေးပွဲသည် တတိယအကြိမ်ကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲဖြစ်ပြီး ယင်းဆွေးနွေးပွဲသည် မဟာမိတ်နိုင်ငံများနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်တိုးတက်စေရေး လုပ်ဆောင်သည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ ကနဦးဆောင်ရွက်ချက်လည်း ဖြစ်သည်။

အဆိုပါ ထိပ်သီးဆွေးနွေးပွဲသို့ အစိုးရအဖွဲ့မှ အရာရှိများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လူမှုရေးအဖွဲ့အစည်းများ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံသည် အမေရိကန်၏ မဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မြောက်ကိုရီးယား၏ နျူကလီးယားအန္တရာယ်မှ ကာကွယ်ရန်အတွက်ဟုဆိုကာ အမေရိကန်က ၎င်းတို၏ တပ်ဖွဲဝင် ၂၇,၀၀၀ ခန့်ကို တောင်ကိုရီးယားတွင် ဖြန့်ကြက်ထားသည်။

ဘလင်ကန်သည် ၎င်း၏ခရီးစဉ်အတွင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုတေးယု နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံမဟာမိတ်ဆက်ဆံရေး တိုးတက်စေရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

သတင်းပေးပိုရန် PAN Viber – 09772979725

PAN