ငါန်းဇွန်မြို့နယ်တွင် အကြမ်း ဖက် PDF ကမိသားစု သုံးဦးကို သတ်ဖြတ်ပြီး ရုပ်အလောင်းသယ်ဆောင်လာသည့် လူနာတင်ယာဥ်ကို ထပ်မံ ၍ မိုင်းခွဲတိုက်ခိုက်

ဇန်နဝါရီ ၁၁

     မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ဆင်ဖြူကုန်းကျေးရွာ၌ ယနေ့ ညနေပိုင်းက အမျိုး သား ၂ ဦးနှင့် အမျိုး သမီး ၁ ဦးတို့ကို အကြမ်း ဖက် PDF စိစစ်ဆဲအဖွဲ့က နေအိမ်အတွင်းဝင်ရောက် သတ်ဖြတ်ခဲ့ပြီး အဆိုပါသေဆုံးသူ ၃ ဦး ၏ ရုပ်အလောင်းကိုလူနာ တင်ယာဉ်ဖြင့် သယ် ဆောင်လာစဥ် အဆိုပါ အကြမ်း ဖက်အဖွဲ့က ထပ်မံ၍ လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု သိရပါသည်။

      ဖြစ်စဥ်မှာ ယနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်တွင် အကြမ်းဖက်သမား ၆ ဦးသည် ဆိုင်ကယ် ၃ စီးဖြင့် ငါန်းဇွန်မြို့နယ်၊ ဆင်ဖြူကုန်းကျေးရွာရှိ ဦးအောင်ရင်၏ နေအိမ်အတွင်းသို့ ဝင်ရောက်လာပြီး ဦးအောင်ရင်၊ ၇၀နှစ်၊(ဘ)ဦးထွန်းသောင်း၊တောင်သူ၊ ၎င်း၏ဇနီးဖြစ်သူ ဒေါ်ခင်စန်းရင်၊၆၃နှစ်၊(ဘ)ဦးအောင်၊တောင်သူနှင့် သားဖြစ်သူ ဦးအေးငြိမ်းလင်း၊၄၂နှစ်၊(ဘ)ဦးအောင်ရင်၊တောင်သူ တို့ကို သေနတ်ဖြင့်ပစ်ခတ်၊ ဓါးဖြင့်ထိုး၍ သတ်ဖြတ်ခဲ့ပြီး ဆင်ဖြူကုန်းကျေးရွာ၏ အနောက်မြောက်ဘက်သို့ ပြန်လည်ထွက်ခွာသွားခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

      ထိုသို့ အကြမ်းဖက်များ၏ သတ်ဖြတ်မှုကြောင့်  ဦးအောင်ရင် တွင် လည်ပင်း ပြတ်ရှဒဏ်ရာ ၁ ချက်၊ဝဲလက်မပြတ်ထွက်ဒဏ်ရာ ၁ ချက်၊ ဒေါ်ခင်စန်းရင် တွင် လည်ပင်းထိုးဒဏ်ရာ ၁ ချက်နှင့် ဦးအေးငြိမ်းလင်း တွင် ဦးခေါင်းထိပ် လက်နက်ငယ်ကျည်ထိမှန် ပွင့်ထွက်ဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးခဲ့ကြသည်။

      သေဆုံးသူ ၃ ဦး၏ ရုပ်အလောင်းအား ရဲတပ် ဖွဲ့ဝင်များက ငါန်းမြာကြီးကျေးရွာ၊ ဓမ္မမာမက လူမှုကူညီရေးအသင်းမှ ဘောက်စီအမျိုးအစား(ခဲရောင်) လူနာ တင်ယာဉ်ဖြင့်  ငါန်းဇွန်မြို့နယ်၊ငါန်းမြာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ရန် ထွက်ခွာလာစဉ် ငါန်းဇွန်မြို့ နယ်၊မြေနီကျေးရွာ၏ မြောက်ဘက်သို့ ရောက်ရှိစဉ် အကြမ်းဖက်အဖွဲ့က လမ်း ၏ ယာဘက်ခြမ်းမှ လက်လုပ်မိုင်း ၁ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

      ထိုသို့ တိုက်ခိုက်မှုကြောင့် လူ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ နာမှုကူညီရေးယာဉ်၏ ယာဘက်ခြမ်း လေ ကာမှန် ၃ ချပ်ကွဲ၊ ယာဉ်၏ယာဘက်ခြမ်းကိုယ်ထည် အနည်းငယ်ပေါက်ပြဲပျက်စီးခဲ့သည်ဟု သိရပါသည်။

      ဦးအောင်ရင်နှင့် မိသားစုသည် ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူများဖြစ်ပြီး  အကြမ်းဖက်သမားများ၏ သတင်းများအား လုံခြုံရေးအဖွဲ့သို့ ပေးပို့နေသည်ဟု စွပ်စွဲချက်ဖြင့် ယခုကဲ့သို့ သတ်ဖြတ်ခံရခြင်းဖြစ်နိုင်ကြောင်း ဒေသခံများထံမှ သိရှိရပါသည်။

#PAN