ဧရာဝတီမြစ်ရေ ဆက်လက်ကျဆင်းနေ

ဒီဇင်ဘာ ၁၉

      မြန်မာနိုင်ငံ၏ အဓိကရေအရင်းအမြစ်တစ်ခုဖြစ်သော ဧရာဝတီမြစ်ရေဟာ ဆက်လက်ကျဆင်းနေ သည်ဟုစ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက အသိပေးထားပါသည်။ ဧရာ ဝတီမြစ်ရေမှာ ဒီဇင်ဘာလ ၁၉ ရက် နံနက် ၆ နာရီတိုင်းထွာချက်အရ မန္တလေးမြို့တွင် ၃၄၄ စင်တီမီတာသို့ ရောက်ရှိနေပြီး ဖြစ်သည်။ နောက် ၅ ရက်တွင်း ပေဝက်ခန့် ကျဆင်းလာနိုင်ပြီး ရေနည်းသတိပေးမှတ် ၃၆၀ စင်တီမီတာအောက်သို့ ရောက်ရှိလာနိုင်သည်ဟု သိရပါသည်။

       ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ဧရာ ဝတီမြစ်ရေကျဆင်းလာမှုကြောင့် နိုင်ငံတစ်ဝှမ်းရှိမြစ်ရေများ ရှိရင်းရေမှတ်မှ ပေဝက်နှင့် တစ်ပေခွဲခန့် ကျဆင်းခဲ့သည်။ ဧရာဝတီမြစ်ရေအနေနှင့် ရေနည်းသတိပေးမှတ် ဆက်လက်ကျဆင်းလာပါက ချင်းတွင်းမြစ် အပါ အဝင် မြစ်သာမြစ်၊ စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ငဝန်မြစ်၊ တိုးမြစ်၊ ကုလားတန် မြစ်၊ လေးမြို့မြစ်နှင့် ဘီးလင်းမြစ်ရေတို့ပါ ကျဆင်းနိုင်သည်ဟု ခန့်မှန်းထားပါသည်။

#PAN