ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် သက် ဆိုင်ရာအုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှ စက်သုံးဆီဝယ်ခွင့်ရကြောင်းနှင့် ညောင်းတုန်းမြို့နယ်တစ်ခုလုံးအတွက် စက်သုံးဆီဆိုင် တစ်ဆိုင်သာ ခွင့်ပြုထားကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် ရေးသား ဖြန့်ဝေလျက်ရှိ

ဒီဇင်ဘာ ၁၉

      ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် စက်သုံးဆီဝယ်ယူရာ၌ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာပါမှ ဝယ်ယူခွင့်ရကြောင်း၊ ဒီဇင်ဘာလဆန်းကစပြီး စက်သုံးဆီဝင်ရောက်မှုနည်းပါးတာကြောင့် အရောင်းဆိုင်အချို့ ပိတ်သိမ်းထားရကြောင်း ကို DVB သတင်းဌာနကလည်းကောင်း၊ အလားတူ ညောင်းတုန်းမြို့နယ် တစ်ခုလုံး အတွက် စက်သုံးဆီဆိုင် တစ်ဆိုင်သာ ခွင့်ပြုထားကြောင်းကို  Ayeyarwaddy Times ကလည်းကောင်း လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက် ရှိသည်ကိုတွေ့ရှိရသည်။

       နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းစက်သုံးဆီဖူလုံမှု အခြေအနေအရ စက်သုံးဆီပြတ် လပ်နိုင်ခြင်းမရှိကြောင်းနှင့် တရားမဝင်စက်သုံးဆီသိုလှောင်ဖြန့်ဖြူးရောင်းချမှုများအား သတင်း ပို့တိုင်ကြားနိုင်ကြောင်းကိုလည်း မြဝတီသတင်း စာနှင့် နိုင်ငံပိုင်သတင်းစာများတွင် ဒီဇင်ဘာလ ၁၃ ရက်နေ့က တရားဝင်ထုတ်ပြန်ထားရှိပြီး ဖြစ်ပါသည်။

       ပြည်ဖျက်မီဒီယာများမှ မှန်ကန်မှုမရှိသည့် သတင်းများ၊ ကောလဟလသတင်း များဖြင့် နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းမှုမရှိစေရန်၊ ပြည်သူများမှ ကြောက်ရွံ့ထိတ်လန့် လာစေရန်အတွက် ရည်ရွယ်ချက်ရှိရှိ လှုံဆော်ရေးသားနေခြင်းသာဖြစ်ကြောင်း သတင်း ရရှိပါသည်။

#PAN