ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ယာယီနေထိုင်အလုပ်လုပ်ခွင့် လျှောက်ထားခ  အများဆုံး ဘတ် ၃,၅၅၀ ကျသင့်မည်ဟု အလုပ် သမားဝန်ကြီးဌာနပြော

ဒီဇင်ဘာ ၉

       ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ် သားများအတွက် ယာယီနေထိုင်အလုပ်လုပ်ခွင့်(ပန်းရောင်ကတ်) လျှောက်ထားရန် အချိန်ကို တိုးမြှင့်ပေးခဲ့ပြီး အဆိုပါ နေထိုင်လုပ်ကိုင်ခွင့်ကတ်ပြုလုပ်ရန် အလုပ် သမားတစ်ဦးကို လျှောက်ထားခမှာ အနည်းဆုံး ဘတ် ၂,၉၄၀ မှ အများဆုံး ဘတ် ၃,၅၅၀ ကျသင့်မည်ဟု အလုပ် သမားဝန်ကြီးဌာနမှ သိရပါသည်။

       ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မြန်မာနှင့် ထိုင်း အလုပ်သမားဝန်ကြီးများ ထိုင်းနိုင်ငံတွင် တွေ့ဆုံဆွေးနွေးခဲ့ကြရာတွင် မြန်မာရွှေ့ပြောင်းလုပ်သား များကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်အထိ  ထိုင်းနိုင်ငံတွင် ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်အတွက် လျှောက် ထားရန်နှင့် နေထိုင်ခွင့်ကို ခွင့်ပြုပေးလိုက်ခြင်းဖြစ် သည်ဟု ဆိုပါသည်။

       မြန်မာရွှေ့ပြောင်းလုပ်သားများအနေနှင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက် မတိုင်မီ ပန်း ရောင်ကတ်ပြုလုပ်ရန် work permint လျှောက် ထားခြင်း၊ ကျန်း မာရေးစစ်ဆေးခြင်းနှင့် ကျန်းမာ ရေးအာမခံဝယ်ယူခြင်းများကို ဆောင်ရွက်ရမည်ဟု သိရပါသည်။

      Work permint လျှောက်ထားခြင်းအတွက် အလုပ် သမားတစ်ဦးကို ဘတ် ၁,၄၅၀၊ ကျန်းမာ ရေးစစ်ဆေးခြင်း အတွက် ဘတ် ၅၀၀ နှင့် အခြားလူမှုဖူလုံရေးအာမခံနှင့် ကျန်းမာရေးအာမခံများအတွက် ပေးဆောင်ရမည့် ကုန်ကျစရိတ်များ အပါအဝင် အလုပ် သမားတစ်ဦးအတွက် စုစု ပေါင်းကုန်ကျမည့်ငွေမှာ အနည်းဆုံးဘတ် ၂,၉၄၀ မှ အများဆုံးဘတ် ၃,၅၅၀ ကျသင့်မှာ ဖြစ်ပါသည်။

      ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သား များ တရားဝင်ဖြစ်စေရန် (ပန်းရောင်ကတ်)ယာယီနေထိုင်အလုပ် လုပ်ခွင့်ကတ် ပြုလုပ်တာများအပြင် မြန်မာဘက်မှ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက် မှတ်(CI) ထုတ်ပေးသည့် အထောက်ထားပြုလုပ်သည့် လုပ်ငန်းစဉ်များကိုလည်း အလုပ်သမားဝန်ကြီးဌာနက ဆောင်ရွက်နေကြောင်းနှင့် လက်ရှိတွင် ထိုင်းရောက်မြန်မာလုပ်သားများ လုပ်ငန်းခွင်မပြတ် အထောက်ထားများလျှောက်ထားနိုင်ရန် (CI)ထုတ်ပေးရေးစခန်း ၅ ခု အပြင် ရွှေ့ပြောင်းကာ (CI)ထုတ်ပေးနိုင်မည့် Mobile Team ၃ ခု ဖွင့်လှစ်ပေးရန်လည်း ဆောင်ရွက်နေကြောင်း အလုပ်သမား ဝန်ကြီးဌာနမှ သိရပါသည်။

#PAN