တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ

နိုဝင်ဘာ ၂၈

        တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦး ဆောင်ကော်မတီ၏ကြီးကြပ်ကွပ်ကဲမှုဖြင့် တရား မဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာ ဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင် ရွက်ခဲ့ရာ နိုဝင်ဘာ ၂၄ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လေ ဆိပ်(သွင်းကုန်)၌ ဝန် စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် iPad (Used) ၂၅ လုံး အပါအဝင် ကုန်ပစ္စည်း ၁၅ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၃၆၀,၀၀၀) ကိုလည်း ကောင်း၊ နိုဝင်ဘာ ၂၅ ရက်တွင် မန္တလေးအပြည် ပြည်ဆိုင်ရာလေဆိပ် လေဆိပ်(သွင်းကုန်)၌ ဝန် စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Curtain Fabric ၈၈၈ ကီလို ဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၈၈၀,၀၀၀) ကိုလည်း ကောင်း၊ ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့ မှ မော်လမြိုင်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာ တမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Lipovitan-D အားဖြည့်အချိုရည်ပုလင်း ၂၅၀၀၊ Nakita Digital မီးဖိုအလုံး ၆၀ အပါအဝင် ကုန် ပစ္စည်း လေးမျိုး(ခန့် မှန်းတန်ဖိုးငွေကျပ် ၈,၆၆၀,၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Toyota Hiace တစ်စီး (ခန့် မှန်းတန်ဖိုး ငွေကျပ် ၃၀,၀၀၀,၀၀၀)ကိုလည်း ကောင်း (စုစု ပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၅၂,၉၀၀,၀၀၀)ကို
သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ် နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

      ထို့ပြင် နိုဝင်ဘာ ၂၅ ရက်တွင် မန္တလေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၈၆ x ၈၇ လမ်းကြား ၁၁ လမ်းရှိ ဂိုဒေါင် ၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် KinoKi အဆိပ်ထုတ်ခြေဖဝါးကပ်ခွာအထုပ် ၁၀၀၀၀၊ DR.HAKEM မက်မွန်သီးခေါင်းလိမ်းဆီ ၁၇၂၈ ဘူး အပါအဝင် ကုန်ပစ္စည်း ၁၆ မျိုး (စုစု ပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၆၂,၁၆၈,၈၀၀)ကို သိမ်း ဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ် နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

      ထို့အတူ ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂၅ ရက်တွင် ညောင်ခါးရှည်X-Ray စက်စစ်ဆေးရေးဂိတ်၌ မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင်စာ ရွက်စာ တမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် ပုစွန်နှစ်ကောင် ဟင်းသီးဟင်းရွက်ဆီ တစ်လီတာပါဘူး ၆၀၀၊ ပုစွန်တစ်ကောင် ဟင်းသီးဟင်းရွက်ဆီ ၁၈လီတာပါ ပုံး ၂၀ အပါအဝင် ကုန်ပစ္စည်း ငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၃၅၀,၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Scania Busတစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀)ကို အကောက် ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ နိုဝင်ဘာ ၂၆ ရက်တွင် ညောင်လေးပင်ခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် သုည ဒသမ ၃၄၀ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၄,၅၃၂)ကို သစ်တောဥပဒေအရလည်း ကောင်း (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၆,၅၇၄,၅၃၂)ကို သိမ်းဆည်းအရေးယူဆောင် ရွက်လျက်ရှိသည်။

       သို့ဖြစ်ပါ၍ နိုဝင်ဘာ ၂၄ ရက်၊ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် သိမ်းဆည်းရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၀ မှု(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၁,၆၄၃,၃၃၂)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

#PAN