နယ်စပ်ဒေသများတွင် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေသူများအား ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ ဆက်လက်လွှဲပြောင်းပေးအပ်

နိုဝင်ဘာ ၂၇

      နိုင်ငံတော် အစိုးရအနေဖြင့် နယ်စပ်ဒေသများ အပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထား ဆောင်ရွက်လျက်ရှိပြီး အချို့သောပြည်ပနိုင်ငံ သားများအနေဖြင့် နယ်စပ်ဒေသများ မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများက လိုအပ်သည့်စိစစ်မှုများ ပြုလုပ်ကာ ဥပဒေနှင့်အညီဆောင် ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ပြန်လည် လွှဲ ပြောင်းပေးအပ်လျက် ရှိသည်။

       ထိုသို့လွှဲပြောင်းပေးအပ်ခြင်းများကို ဆောင် ရွက်လျက်ရှိရာ ယနေ့တွင် တရုတ်နိုင်ငံသား အမျိုးသား ၅၈၀ ၊ အမျိုးသမီး ၆၈ ဦး စုစုပေါင်း ၆၄၈ ဦးကို စိစစ်ဖော်ထုတ်ရရှိခဲ့ပြီး ထပ်မံလွှဲ ပြောင်းပေးနိုင်ခဲ့ခြင်းကြောင့် ၂၀၂၃ ခုနှစ်အောက်တိုဘာ ၃၁ ရက်မှ ယနေ့အထိ တရုတ်နိုင်ငံသား အမျိုးသား ၇၈၄၆ ဦး၊ အမျိုး သမီး ၇၉၅ ဦး စုစုပေါင်း ၈၆၄၁ ဦး တို့ကို ဖော်ထုတ်ရရှိခဲ့ပြီး ဥပဒေနှင့်အညီလိုအပ်သည့် စိစစ်ခြင်းများဆောင်ရွက်ခဲ့ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန် ရှိသူများထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက်နိုင်ခဲ့သည်။

      နိုင်ငံတော်အစိုးရ အနေဖြင့် နယ်စပ်ဒေသများမှ တရားမဝင်ဝင်ရောက် နေထိုင်လျက်ရှိသည့် ပြည်ပ နိုင်ငံသားများအား စိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်း လုပ်ငန်းစဉ်များကို ဆက်လက် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

#PAN