ကော့ကရိတ်မြို့၊ ၀င်းကြီးကွက်သစ်တွင် အကြမ်းဖက် KTLA / PDF များက အရပ်သားပြည်သူ၏နေအိမ်ကို မီးရှို့ခဲ့

နိုဝင်ဘာ ၂၅

      ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ၀င်းကြီးကွက်သစ်ဘက်ရှိ ဒေါမချစ်စုအိမ်တွင် ယနေ့ နံနက် ၀၀: ၃၅ နာရီအချိန်တွင် မီးစလောင် ကျွမ်းခဲ့ရာ နေအိမ်ပိုင်ရှင်ဖြစ်သူသည် နေဘက်တွင်သာနေထိုင်ပြီး ညဘက်တွင်ပြောင်းရွှေ့နေထိုင်သဖြင့် ပိုင်မရှိချိန် ရပ်ကွက်နေပြည်သူများက ၀ိုင်း၀န်းမီးငြိမ်းသတ်မူကြောင့် နံနက် ၁ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ပါသည်။

      ဖြစ်စဥ်မှာ  အကြမ်းဖက်သောင်းကျန်းသူ KTLA / PDF များသည် ကော့ကရိတ်မြို့အား ၀င်ရောက်တိုက် ခိုက်ရန် ချဥ်းကပ်ခဲ့သော်လည်း နယ်မြေခံတပ်မှ လက် နက်ကြီးများဖြင့် တရစပ်ကြိုတင်ပစ်ခတ်ချေမှုန်းခြင်းကြောင့် အနားမကပ်နိုင်ဘဲ ယမန်နေ့ ည ၈ နာရီခွဲအချိန်ခန့်တွင် မြို့နားမှ ဆုတ်ခွာခဲ့ကြောင်း၊ ည သန်းခေါင်းယံအချိန်တွင် ကော့ကရိတ်မြို့ အရှေ့ဘက် ဆင်ကုန်း၊ နန်းကော်တိုးရွာတွင် အခြေပြုနေသော အကြမ်းဖက်သောင်းကျန်းသူများသည် မြို့တော်ဦး ၀င်းကြီးကွက်သစ် ဂိမ်းဆိုင်ဘက်လမ်းကြားမှ ၀င်ရောက်လာပြီး လုံခြုံရေးအဖွဲ့များ မြင်သာအောင် အလယ်ကျသောနေအိမ်အား မီးစတင်ရိူ့ကာ လုံခြုံရေးအဖွဲ့များ အပြင်ထွက်လာအောင် မျှားခေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

       ထိုသို့ အရပ်သားပြည်သူ၏ နေအိမ်ကို မီးရှို့၍ မျှားခေါ်သော်လည်း လုံခြုံရေးအဖွဲ့များက ထွက်လာခြင်းမရှိဘဲ ၎င်းတို့၏ ခန့်မှန်းနေရာအား လက်နက်ကြီးဖြင့် လှမ်းပစ်ခဲ့ကြောင်း ၊အကြမ်းဖက်သောင်းကျန်းသူများလည်း ပြန်လည်ထွက်သွားပြီးနောက် ပြည်သူများက မီးငြိမ်းသတ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN