နေပြည်တော်တွင် ယာဥ်တစ်စီးတိမ်းမှောက်ပြီး ယာဥ်တစ်စီး မီးလောင်မှုဖြစ်ပွား

(မှုခင်း) မေ ၆

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယနေ့ နံနက်၄ နာရီခွဲ အချိန်ကယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွား၍ လူညပ်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယာဥ်တိမ်းမှောက်သည့်နေရာသို့ ဇမ္ဗူသီရိမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ပညာသိဒ္ဓိနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါယာဥ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၄)ဦးအနက် ယာဉ်မောင်း ကျား(၁)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)အား ဗဟိုမီးသတ်စခန်းမှ သူနာတင်ယာဉ်ဖြင့် ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ယနေ့ မွန်းလွဲ ၁နာရီ ၄၈မိနစ် အချိန်ခန့်တွင် ဒက္ခိဏသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်းမကြီး၊ မင်္ဂလာသီရိဟိုတယ်ရှေ့တွင် Honda Fit ယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားခဲ့ရာ ဒကိ္ခဏခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဒကိ္ခဏသီရိမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဇဗ္ဗူသီရိမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂နာရီ အချိန် မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။

#PAN