အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို၏ လက်ဝေခံများ၏ လှုဆော်၊ ဝါဒဖြန့်ခြင်းများ အား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြု လုပ်ခဲ့သူ Facebook အကောင့်ပိုင်ရှင်များအား ဖော်ထုတ် အရေးယူ

နိုဝင်ဘာ ၁၆

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို၏ လက်ဝေခံ အဖွဲအစည်းများ၊ ယင်းတိုနှင့် ဆက်နွှယ်နေသောအဖွဲအစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိ ကြောင်းသိရှိရပါသည်။

ပြည်သူများအနေဖြင့် ယင်းတို၏ လှုဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့် အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်း နိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ်သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့်အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

ထိုကဲ့သို သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အသိပေးထုတ် ပြန်ချက် အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာ ပေါ်၌ လှုဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် “Thiri Win” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်(အရှေ့ပိုင်း) မြိုနယ်၊ အမှတ် (၅၂)ရပ်ကွက်နေ သီရိဝင်းအား နံနက် ၁၀ နာရီခွဲ တွင်လည်းကောင်း၊ “Nyein Nyein” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြိုနယ်၊ ကုန်းတန်းကျေးရွာနေ ငြိမ်းဝေဠု(ခ)ကုလား အား မွန်းလွဲ ၁၂ နာရီခွဲတွင်လည်းကောင်း၊ “အရှင် ဝဏ္ဏ သာမိ” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရခိုင်ပြည်နယ်၊ စစ်တွေမြိုနယ်၊ ပြည်တော်သာရပ်ကွက်ရှိ တပ်ဦးဆုတောင်းပြည့် ဘုန်းကြီးကျောင်းနေ ဉူးဇင်းဝဏ္ဏသာမိ (ခ)အောင်ရွှေဦး အား ညနေ ၅ နာရီတွင်လည်းကောင်း၊ “Kaira Nge” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြိုနယ်နေ ငယ်ငယ်အောင်နှင့် “Hnin Ei Wai” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ အင်းစိန်မြိုနယ်၊ တောင်သူကုန်း ရပ်ကွက်နေ နှင်းအိဝေ တိုအား ည ၇ နာရီ ၁၅ မိနစ်တွင်လည်းကောင်း သက်ဆိုင်ရာရဲစခန်းအသီးသီး၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့် လှစ်အရေး ယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ထိုကဲ့သို CRPH၊ NUG နှင့် ယင်းတို၏ လက်ဝေခံအဖွဲအစည်းများ၊ ယင်းတိုနှင့် ဆက်နွှယ် နေသော အဖွဲအစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှု အပေါ် အားပေးကူညီခြင်းပြုလုပ်ခဲ့သူများအား ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို လှုဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေး သတင်းထုတ်ပြန် ထားကြောင်းလည်း တွေ့ရှိရပါသည်။

Source; CINCDS Myanmar

PAN