ဂျပန်နိုင်ငံက မြန်မာလုပ်သား ၈၀၀ ကျော် ထပ်မံခေါ်ယူ

နိုဝင်ဘာ ၁၆

      ဂျပန်ကုမ္ပဏီ ၃၀၀ ကျော်မှ မြန်မာလုပ်သား ၈၀၀ ကျော် ထပ်မံခေါ်ယူမည်ဟု ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးက ယနေ့ အသိပေးထုတ်ပြန်ထားပါသည်။ ဂျပန်ကုမ္ပဏီများက မြန်မာလုပ်သားများခေါ်ယူရန် အလုပ်ကမ်း လှမ်းစာ ၃၁၃ ခု ပေးပို့ခဲ့ခြင်းဖြစ်ပြီး အမျိုးသား ၃၆၀ ကျော်နှင့် အမျိုး သမီး ၄၆၀ ကျော်ကို ခေါ်ယူသွားမှာဖြစ်သည်ဟု သိရပါသည်။ သံရုံးအနေနှင့် ဂျပန်ကုမ္ပဏီများမှ ပေးပို့ထားသည့် အလုပ်ကမ်း လှမ်းစာများကို နိုဝင်ဘာလ ၁ ရက်နေ့မှ နိုဝင်ဘာ လ ၁၅ ရက်နေ့အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ ပေးပို့ပြန်ကြားခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်။

       အလုပ်ကမ်းလှမ်းစာများကို စိစစ်ရာမှာ ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူတဲ့ စက်ရုံ၊ ကုမ္ပဏီတွေဟာ ဂျပန်နိုင်ငံမှာ တရားဝင်တည်ထောင်ထားခြင်း ရှိ၊ မရှိ စာရွက်စာတမ်းအထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီး ဌာနမှတစ်ဆင့် အလုပ် သမား ဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ် ကြောင်း သံရုံးက ထုတ်ပြန်ထားခြင်း ဖြစ်ပါ သည်။

       အခုနှစ်ပိုင်းအတွက် ပြည်တွင်းအလုပ်အကိုင်ရှားပါးမှုကြောင့် ပြည်ပနိုင်ငံများမှာ အလုပ်သွား ရောက် လုပ်ကိုင်လို သူများလာပြီး တရားဝင်လမ်း ကြောင်းမှ သွားရောက်သူတွေလည်းရှိသလို တရားမဝင်သွားရောက် လုပ်ကိုင်သူများလည်း ရှိနေကြောင်း အလုပ်သမားအရေးဆောင်ရွက်သူများထံမှ သိရပါသည်။

#PAN