PDF အမည်ခံအကြမ်းဖက်သမားများက မြိုင်မြို့ပေါ်ရပ်ကွက်များအတွင်းသို့ လက်လုပ် စိန်ပြောင်းများ၊ Drop ဗုံးများပစ်ချတိုက်ခိုက်မှုကြောင့်  စာသင်ကျောင်းဝန်းအတွင်း ကျရောက်ပေါက်ကွဲပြီး ဆရာမ ၂ ဦးနှင့် ကျောင်းသူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိ

နိုဝင်ဘာ ၁၆

      တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့ နယ်အချို့၌ အကြမ်းဖက်မှုကို လိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ များက စစ်ရေးပစ်မှတ်မဟုတ်သော အပြစ်မဲ့အရပ်သားပြည်သူများ သွားလာရာ လမ်းတံတားများ၊ နေထိုင်ရာရပ် ကွက်၊ ကျေးရွာများအတွင်းသို့  လက်နက်ကြီး၊ လက်လုပ် စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်း ဖက်လုပ်ရပ်များအား လုပ်ဆောင်လျက် ရှိသည်။

       ထိုသို့ လုပ်ဆောင်လျက်ရှိရာ နိုဝင်ဘာလ ၁၄ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့် တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့အတွင်းသို့ PDF အမည်ခံအကြမ်းဖက် သမားများက မြို့၏အနောက်တောင်ဘက်နှင့်အရှေ့ဘက် ငှက်ပျောတွင်းကျေးရွာတို့မှနေ၍ လက်လုပ် စိန်ပြောင်းများ၊ Drone များအသုံးပြု၍ Drop Bomb များဖြင့် မြို့ပေါ် ရပ် ကွက်များ အတွင်းသို့ ပစ်ချတိုက်ခိုက်ခဲ့ရာ ဗုံးသီးများသည် အမှတ်(၂)အခြေခံ ပညာအထက်တန်း ကျောင်းဝန်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အဆိုပါဗုံးသီး ကျရောက်ပေါက်ကွဲမှု ကြောင့် ကျောင်းတွင် သင်ကြားရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် ကျောင်းဆရာမ ၂ ဦးနှင့် အသက် ၁၁ နှစ်နှင့် ၁၂ နှစ်အရွယ် ကျောင်းသူ ၂ ဦး စုစု ပေါင်း ၄ ဦး ဗုံးသီးစ ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ကျောင်း ဆောင် ၁ ဆောင်နှင့် မြို့နယ်ပြည်သူ့ဆေးရုံ၏ အမိုးသွပ်များ၊မျက်နှာကြက်များ ပျက် စီးခဲ့ကြောင်း သိရှိရသည်။

     အဆိုပါ ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား လုံ ခြုံရေးတပ်ဖွဲ့ဝင်များက မြိုင်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် နယ်မြေတည် ငြိမ် အေးချမ်းရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။  

#PAN