တရားမဝင် လူသုံးကုန်ပစ္စည်းများ၊ ဆေးဝါးများ၊နိုင်ငံခြားငွေ၊ ရွှေတုံးများ၊ ယာဉ်အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ

နိုဝင်ဘာ ၆

    တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦး ဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၃ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မြိတ်မြို့ ထားဝယ်စုရပ်ကွက်၊ ရွှေနန်းတော်မုန့်တိုက်အရှေ့နဝရတ်လမ်းသွယ်အနီး၌ စုပုံထားသော အကောက်ခွန်မဲ့ပစ္စည်းများဖြစ်သည့် 888 Playing Cards ဖဲချပ် ၄၆၀၈ ထုပ် အပါအဝင်
ကုန်ပစ္စည်းနှစ်မျိုး စုစုပေါင်းတန်ဖိုးငွေကျပ်ခန့်မှန်း ၁၇,၂၈၉,၆၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

      ထို့အတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ နိုဝင်ဘာ ၃ ရက်တွင် အေးရှားဝေါလ်ကုန် သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ တစ်လုံးအတွင်းမှ သွင်းကုန်လိုင်စင်တင်ပြနိုင်ခြင်းမရှိသည့် Wellman အားဆေးဘူး ၁ဝဝ၈ဝ(ခန့်မှန်းတန်ဖိုး ငွေ ၂၈၉,၁၅၉,၇၃၄ကျပ်) ကိုလည်းကောင်း၊ နိုဝင်ဘာ ၄ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လေ ဆိပ်(သွင်းကုန်) ၌ ခရီးသည်သုံးဦး၏ ဝန်စည်များအတွင်းမှတရားဝင်စာရွက်စာတမ်းအထောက်အထား တင် ပြနိုင်ခြင်းမရှိသည့် iPhone 15 ProMax
၂၅၉ လုံး၊ အမေရိကန်ဒေါ်လာ ၁၀၀ တန်ဟု ယူဆရသော နိုင်ငံခြားငွေ ၁၂၀,၀၀၀ ဒေါ်လာနှင့် Gold 999.9 1 Kilo စာတန်းပါ ရွှေဟုယူဆရသော အတုံး ၁၆ တုံး (၁၆)ကီလိုဂရမ်(ခန့်မှန်းတန် ဖိုးငွေကျပ် ၃,၉၄၆,၅၀၀,၀၀၀)ကို လည်းကောင်းစုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ ၄,၂၃၅,၆၅၉,၇၃၄ ကျပ်ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ် ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

      ထို့ပြင် နိုဝင်ဘာ ၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ် ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဝေါမြို့ နယ်၊ သပြေကန်ရွာအနီး၌ ကျိုက်ထိုမြို့မှ ဒိုက်ဦးမြို့သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင် ပြနိုင်ခြင်း မရှိသည့် Prawn Hornet စားအုန်းဆီလီတာ ၅၄၀၀(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀) နှင့်အဆိုပါ ပစ္စည်းများတင် ဆောင်လာသည့် Yutong Bus တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)ကို လည်းကောင်း၊ ဘုရားကြီးမြို့၊ ကသစ်ဝိုင်ဓမ္မရိပ်သာအနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ သွင်း ကုန်ကြေညာလွှာတွင်ကြေညာထားခြင်း မရှိသည့် MAXTIRES ကားတာယာ ၁၈ လုံးငွေကျပ်(ခန့်မှန်းတန်ဖိုး ၁၈,၀၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင် ဆောင်လာသည့် Hino Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၅,၀၀၀,၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၃,၀၀၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

       သို့ဖြစ်ပါ၍ နိုဝင်ဘာ ၃ ရက်နှင့် ဖမ်းဆီးရမိမှ
၄ ရက်တို့တွင် စုစုပေါင်းမှာ အမှုတွဲ ၁၂ မှု (ခန့်မှန်း
တန်ဖိုးငွေ ၄,၃၆၅,၉၄၉,၃၃၄ ကျပ်)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

#PAN