တာချီလိတ်မြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နိုဝင်ဘာ ၆

     မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၁) ကွက်သစ်လမ်းတွင် လီဂေ (ခ) အားဂေ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ပြား ၆၀၀၀ ကို သိမ်းဆည်းရမိခဲ့သည်။

      ၎င်းနောက် စစ်ဆေးဖော်ထုတ်ချက်အရ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်ခန့်​တွင် တာချီလိတ်မြို့ နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ စန်းလု (အပေါ်) ကျေး ရွာရှိ ၎င်း၏နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၂၀၀၀ကိုလည်းကောင်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေး ယူထားကြောင်း သိရသည်။

#PAN