မန်ယူအသင်း ရလဒ်ဆိုးနေတာက ကစားသမားတွေနဲ့လည်း သက်ဆိုင်တယ်လို့ ဝိန်းရွန်နီ ပြောကြား

နိုဝင်ဘာ ၄

     မန်ယူအသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ဝိန်းရွန်နီ က အခုရာသီအစအသင်းရလဒ်တွေဆိုးနေတဲ့အပေါ် ကစားသမားတွေ တာဝန်ယူရမှာလို့ ပြောကြားလိုက်ပါတယ်။

      မန်ယူအသင်းဟာ ၁၉၆၁-၆၂ ရာသီနောက် ပိုင်း အဆိုးရွားဆုံးရာသီစတင်မှုနဲ့ ကြုံတွေ့ခဲ့ရပြီးတဲ့နောက် နည်းပြ အဲရစ်တန်ဟတ် ဟာ ရာထူးကနေ ထုတ်ပယ်ခံရတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

        ဘာမင်ဂမ်အသင်းကို ကိုင်တွယ်နေတဲ့ ဝိန်းရွန်နီကတော့ အသင်းဟောင်းရလဒ်တွေဆိုးနေတာနဲ့ ပတ်သက်ပြီး နည်းပြ အဲရစ်တန်ဟတ် ကို ကာကွယ်လိုက်ပြီး ကစားသမားတွေဟာ ပုံမှန်ခြေစွမ်းပြသနိုင်ခြင်းမရှိဘူးလို့ ဆိုခဲ့ပါတယ်။

#PAN