ကောလင်းမြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့တွင် လုံခြုံ ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်သောင်း ကျန်းသူ များ တိုက်ပွဲများဖြစ်ပွား အကြမ်းဖက်သမား အလောင်း ၅ လောင်းနှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ

အောက်တိုဘာ ၃၁
     
      စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့များသည် ကညို့အင်းကျေးရွာအနီးရှိ အကြမ်းဖက်သောင်းကျန်းသူ KIA/AA/PDF ပူးပေါင်းအဖွဲ့များ ခြေကုတ်စခန်းကို အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင် ဝင်ရောက်ရှင်းလင်းတိုက်ခိုက် ချေမှုန်းခဲ့သည်ဟု သိရပါသည်။

      အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက်သောင်း ကျန်းသူ KIA/AA/PDF ပူးပေါင်းအဖွဲ့များ ကစဥ်ကလျားဆုတ်ခွာ ထွက်ပြေးကြရပြီး ၎င်းစခန်းအတွင်းမှ KIA/AA/PDF အကြမ်းဖက်အလောင်း ၃ လောင်း၊ အာပီဂျီ ၂ လက်၊ အမ်-၇၉ ၁ လက်၊ အာပီဂျီဗုံးသီး ၁ လုံး၊ အမ်-၂၂ ကျည် ၆၀၀ တောင့်၊ စက်လတ်ကျည် ၃၀၀ တောင့် ၊အမ်-၂၂ ကျည်အိမ် ၁၅ ခု၊ စက်လတ်ကျည်ခါး ပတ်တွဲ ၁ တွဲ၊ AA လက်မောင်းတံဆိပ်ပါပြောက် ကျားအင်္ကျီ ၁ ထည်၊ အရပ်ဝတ်ပြောက်ကျားဝတ်စုံ ၂ စုံ၊ ပတ်လည်ခြံစည်းရိုး ၂၅၀၀ ပေ ၂ ခု၊ ပစ်ကျင်း ၃၀ ကျင်း၊ ဘန်ကာ ၂ လုံး၊ လူနေတဲ ၅ လုံး၊ မီးဖိုဆောင် ၁ လုံး တို့အား သိမ်းဆည်းရမိကြောင်း သိရပါသည်။

       အလားတူ ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ရွှေဘိုမြို့နယ်တွင် နယ်မြေလုံခြုံရေးဆောင် ရွက်နေသော လုံခြုံရေးတပ်ဖွဲ့များသည် မြင်းစီးကျေးရွာအနီး၌  အကြမ်းဖက် PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက် PDF  ၂ လောင်း၊ အမ်-၂၂ သေနတ် ၁ လက်၊အမ်-၂၂ ကျည်အိမ် ၂ ခု၊ အမ်-၂၂ ကျည် ၁၁ တောင့်တို့အား သိမ်းဆည်းရမိကြောင်း သတင်းရရှိပါသည်။

(အခင်းဖြစ်နေရာများတွင် Internet မရသဖြင့် မှတ် တမ်းဓာတ်ပုံများ ဖော်ပြနိုင်ခြင်း မရှိကြောင်း အသိပေးအပ်ပါသည်။)

#PAN