ကိုရီးယားနိုင်ငံမှ ရာသီချိန်လုပ်သား မခေါ်သေးဟုဆို

အောက်တိုဘာ ၂၇

       ကိုရီးယားနိုင်ငံအနေနှင့် မြန်မာနိုင်ငံမှ ရာသီချိန်လုပ်သားများ မခေါ်သေးဘူးဟု မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သံရုံးက ထုတ်ပြန်ထားပါသည်။ လက်ရှိတွင် ကိုရီးယားနိုင်ငံက မြန်မာ နိုင်ငံမှ ရာသီချိန်လုပ်သား များ ခေါ်နေသည်ဆိုပြီး ပြည်ပအလုပ်အကိုင်ရှာဖွေ ရေးအေဂျင်စီတချို့နှင့် သင်တန်းကျောင်းတချို့က လူမှုကွန်ရက်ပေါ်တွင် ဖြန့်ဝေနေသည်ကိုလည်း တွေ့ရသည်ဟု ဆိုသည်။

       အဆိုပါ သတင်းအချက်အလက်များမှာ ကိုရီးယားအစိုးရ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးတို့နှင့် သက်ဆိုင်မှု မရှိကြောင်းနှင့် ကိုရီးယားအစိုးရက မြန်မာ ရာသီချိန်လုပ်သားများနှင့် ပတ်သက်ပြီး မည်သည့်ကြေညာချက်ကိုမှ ထုတ်ပြန် ကြေညာထားခြင်း မရှိကြောင်း ဖော်ပြထားပါသည်။

       လက်ရှိ မြန်မာနိုင်ငံမှ ကိုရီးယားနိုင်ငံကို တရားဝင်လုပ်သားစေလွှတ်ရာ၌ အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှသာ EPS စနစ် တစ်မျိုးတည်းနှင့်သာ စေလွှတ်နေခြင်းဖြစ်သည်ဟု ကိုရီးယားနိုင်ငံ မြန်မာအလုပ်သမား သံအရာရှိရုံးက ကြေညာထားပါသည်။

#PAN