UAE တွင် ကျင်းပမည့် ABU DHABI MASTERS 2023 တွင်၀င်ရောက်ယှဉ်ပြိုင်မည့် သက်ထားသူဇာ

အောက်တိုဘာ ၁၇
မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် UAE တွင် ကျင်းပမည့် ABU DHABI MASTERS 2023 တွင်၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို UAE နိုင်ငံ၏မြို့တော် အဘူဒါဘီမြို့တွင် အောက်တိုဘာလ ၁၇ ရက်မှ ၂၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၂၀၀၀၀ အထိ ချီးမြှင့်သွားမည်ဖြစ်‌ကြောင်း သိရသည်။

သက်ထားသူဇာသည် အဆိုပါပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ (၃၂) ဦးအဆင့်မှစတင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး လက်ရည်စစ်အဆင့်မှ အောင်မြင်လာမည့် သူတစ်ဦးနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။