ပေါ်တူဂီအသင်း၊ ပြင်သစ်အသင်းနဲ့ ဘယ်လ် ဂျီယံအသင်းတို့ ယူရို ၂၀၂၄ ခြေစစ်ပွဲအောင်

အောက်တိုဘာ ၁၅

         ပေါ်တူဂီအသင်း၊ ပြင်သစ်အသင်းနဲ့ ဘယ်လ်ဂျီယံအသင်းတို့ဟာ အောက်တိုဘာ ၁၃ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲအုပ်စုအဆင့် ပွဲစဉ်အသီးသီးမှာ ပြိုင် ဘက်အသင်းတွေကို အနိုင်ရရှိခဲ့ပြီးနောက် ခြေ စစ်ပွဲအောင်ခဲ့ပြီဖြစ်ပါတယ်။

         ခြေစစ်ပွဲအောင်ပေါ်တူဂီအသင်းဟာ အုပ်စု (၂)ရဲ့ အုပ်စုအဆင့်ခုနစ်ပွဲမြောက်ပွဲစဉ်အဖြစ် ဆလိုဗက်ကီးယားအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရပြီး ဆလိုဗက်ကီးယားအသင်းကို သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် အုပ်စုအဆင့်ရှုံးပွဲ မရှိစံချိန်နဲ့အတူ ရမှတ် ၂၁ မှတ်ရရှိကာ ခြေစစ်ပွဲအောင်ခဲ့တာ ဖြစ်ပါတယ်။ ဆလိုဗက်ကီးယားနဲ့ပွဲစဉ်မှာ သွင်းဂိုးနှစ်ဂိုး သွင်းယူခဲ့တဲ့တိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့အတူ နိုင်ငံတကာပွဲစဉ် ၂ဝ၂ ပွဲမှာ သွင်းဂိုး ၁၂၅ ဂိုးသွင်းယူနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

        ပြင်သစ်အသင်းကတော့ အုပ်စု(B)ရဲ့ အုပ်စု
အဆင့် ခြောက်ပွဲမြောက်ပွဲစဉ်မှာ နယ်သာလန်
အသင်းနဲ့ ကစားခဲ့ရပြီး နယ်သာလန်အသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့လို့ ရမှတ် ၁၈ မှတ်နဲ့
ခြေစစ်ပွဲအောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာ
ပြင်သစ်အသင်းက တိုက်စစ်မှူး အမ်ဘတ်ပီရဲ့သွင်းဂိုးနှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အမ်ဘတ်ပီဟာ အခုဘောလုံးရာသီမှာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် ပွဲစဉ် ၁၀ ပွဲမှာ သွင်းဂိုး ၁၀ ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

        ဘယ်လ်ဂျီယံအသင်းဟာ အုပ်စု(F)ရဲ့ အုပ်စု
အဆင့်ခြောက်ပွဲမြောက်အဖြစ် ဩစတြီးယားအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရပြီး ဩစတြီးယားအသင်းကိုသုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့လို့ ရမှတ် ၁၆ မှတ်နဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲအောင်ခဲ့တာဖြစ်ပါတယ်။

       လက်ရှိအချိန်မှာ ပေါ်တူဂီအသင်း၊ ပြင်သစ်
အသင်းနဲ့ ဘယ်လ်ဂျီယံအသင်းတို့ဟာ အိမ်ရှင်ဂျာမနီ အသင်းနဲ့အတူ ယူရို ၂၀၂၄ ပြိုင်ပွဲခြေစစ်ပွဲအောင်ခဲ့ပြီဖြစ်ပြီး အောက်တိုဘာ ၁၃ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ အခြားသော ခြေစစ်ပွဲစဉ်တွေမှာတော့ ဂရိအသင်းက အိုင်ယာလန်အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ အဇာဘိုင်ဂျန်အသင်းက အက်စ်တိုးနီးယားအသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ ဘော့စနီးယားအသင်းက လီချန်စတိန်းအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ပြီး အိုက်စ်လန်အသင်းနဲ့ လူဇင်ဘတ်အသင်းတို့ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

#PAN